The network connection is lost.

Banner Image

ဆော်ဒီကလပ်အယ်လ်အာလီနဲ့ သတင်းတွေထွက်နေပေမဲ့ ဥရောပမှာပဲ ဆက်ရှိနေဖို့ ဆန္ဒရှိနေတဲ့ လီဗာပူးနည်းပြဟောင်းအန်းစလော့

လီဗာပူးနည်းပြဟောင်းအန်းစလော့က ဆော်ဒီပရိုလိဂ်ကလပ်အသင်းအယ်လ်အာလီဆီ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဥရောပထိပ်သီးကလပ်အသင်းတစ်ခုမှာပဲ ဆက်ပြီး အလုပ်လုပ်သွားဖို့ ဦးစားပေးနေတယ်လို့ သိရပါတယ်။

အက်ဒီဟိုဝီက နယူးကာဆယ်နည်းပြရာထူးမှ နုတ်ထွက်ဖို့ အံ့အားသင့်ဖွယ် ဆုံးဖြတ်လိုက်ပြီးနောက် နည်းပြအပြောင်းအလဲအလှုပ်အခတ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာပါ။ အက်ဒီဟောင်းရဲ့နေရာကိုတော့ အယ်လ်အာလီအသင်းမှာ အစွမ်းပြနေတဲ့ မားကပ်စ် ဂျေဆဲလ်က အစားထိုးဝင်ရောက်လာဖို့ရှိနေပြီး နယူးကာဆယ်နဲ့အတူ လေးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုသွားပါလိမ့်မယ်။

ဒါကြောင့် အယ်လ်အာလီနဲ့ အန်းစလော့အကြား သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ Sky Sports ရဲ့ဖော်ပြချက်အရ အန်းစလော့က ဥရောပထိပ်တန်းလိဂ်တစ်ခုဆီ ပြန်သွားဖို့ပဲ ရည်မှန်းထားပြီး အခွင့်အရေးကောင်းပေါ်လာချိန်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်အရွယ်နည်းပြကြီးက စိတ်ပျက်စရာကောင်းခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး အခုနွေရာသီကာလအစောပိုင်းမှ လီဗာပူးအသင်းမှ ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီရာသီမှာ မာဆေးဆိုဒ်ကလပ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် နောက်ဆုံးအချိန်အထိ အသည်းအသန်ကြိုးစားခဲ့ရပါတယ်။ 

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အန်းစလော့က အေစီမီလန်၊ နယ်သာလန်လက်ရွေးစင်အသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ အခုအချိန်အထိတော့ အသင်းလက်မဲ့အဖြစ်ပဲ ရှိနေပါသေးတယ်။