The network connection is lost.

Banner Image

တောင်ပံနေရာအတွက် ပီအက်စ်ဗွီစတားကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ နာပိုလီ

ပီအက်စ်ဗွီအသင်းနဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် နာပိုလီအသင်းဟာ နိုအာလန်းကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ရိုမာနိုရဲ့အဆိုအရ ပီအက်စ်ဗွီတောင်ပံကစားသမားအတွက် နာပိုလီဟာ ပေါင် ၂၄ သန်းနဲ့သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။

သဘောတူညီချက်ထဲမှာ နာပိုလီအနေနဲ့ နိုအာလန်းကို ပြန်လည်ရောင်းချခဲ့ရင် ၁၀% ပီအက်စ်ဗွီကိုပေးချေရမှာဖြစ်ပြီး ၁ ရာသီလုပ်ခပေါင် ၂ သန်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ဆေးစစ်မှုလည်း မကြာခင်မှာ ပြုလုပ်မှာဖြစ်ပြီး ၂ သင်းကြား စာရွက်စာတမ်းတွေလဲလှယ်ပြီးရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မှာဖြစ်ပါတယ်။

နိုအာလန်းဟာ နာပိုလီအတွက် ဒီဘရိုင်း ၊ လူကာတို့ပြီးနောက် တတိယမြောက်ခေါ်ယူမှုဖြစ်လာပါတယ်။ အသက် ၂၆ နှစ်သားဟာ ကွန်တီရဲ့တိုက်စစ်မှာ အားဖြည့်မှာဖြစ်ပြီး ဇန်နဝါရီကထွက်ခွာခဲ့တဲ့ ကာဗာစခီလီယာနေရာမှာ အစားဝင်မှာဖြစ်ပါတယ်။ ၂၀၂၄ - ၂၅ ရာသီတုန်းက နိုအာလန်းဟာ ပီအက်စ်ဗွီအတွက် လိဂ်ပွဲ ၂၉ ပွဲမှာ ၁၁ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဗွီဟာ နိုအာလန်းကို ဘရုဂျက်အသင်းထံကနေ ပေါင် ၁၁ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အခုတော့ ပြန်လည်ရောင်းချမှုကနေ အမြတ်အစွန်းရခဲ့တာဖြစ်ပါတယ်။

ဆေးစစ်မှုခံယူပြီးတာနဲ့ နိုအာလန်းတစ်ယောက်အသင်းရဲ့ရာသီကြိုခရီးစဉ်ကို ပူးပေါင်းမှာဖြစ်ပါတယ်။ အိုဆီမင်အနာဂတ်က မသေချာတာကြောင့် နာပိုလီဟာ တိုက်စစ်ပိုင်းနေရာအတွက် ပိုလီတာနို နဲ့ နီရက်စ်တို့ကို ပစ်မှတ်ထားနေပါတယ်။