The network connection is lost.

Banner Image

ဂျာမနီလက်ရွေးစင်အသင်းရဲ့လတ်တလောရင်ဆိုင်နေရတဲ့ပြဿနာကို အတိအကျရှင်းပြလာတဲ့ နာဂယ်စ်မန်း

အီတလီနဲ့ တဖက်သုံးဂိုးစီသရေကျကာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပြီးနောက် ဂျာမနီလက်ရွေးစင်အသင်းနည်းပြနာဂယ်စ်မန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ပထမအကျော့မှာ ဂျာမနီက အီတလီကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားလို့ နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

နာဂယ်စ်မန်းက “ ပထမပိုင်းပွဲချိန်အတွင်း ပြိုင်ဘက်ကိုထိန်းချုပ်ထားပုံက အကောင်းဆုံးပုံစံမှာရှိနေခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်းပါ ဘောလုံးနဲ့အတူ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး သုံးဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ မိနစ် ၉၀ ပြည့် ဘယ်သူမှမကစားနိုင်လို့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပြိုင်ဘက်အတွက် ဗွေဆော်ဦးချေပဂိုးအပြင် နောက်ထပ်ချေပဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီနောက်မှာတော့ သံသယတွေ ကြီးထွားလာခဲ့ပါတယ်။

အကြီးမားဆုံးပြဿနာကတော့ ပထမပိုင်းလိုမဟုတ်ဘဲ ဘောလုံးကို ကိုယ့်ကွင်းဘက်ခြမ်းဆီ ပြန်ပေးနေတာတွေ အများကြီးလုပ်နေခဲ့တာပါပဲ။ ဒုတိယပိုင်းပွဲချိန်တွေနဲ့ပတ်သက်လို့ အများကြီးမပြောချင်တော့ပါဘူး။ ဒီပွဲစဉ်နှစ်ခုမှ ရရှိနိုင်တဲ့ အရေးအကြီးဆုံးကောက်ချက်ကတော့ ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကို သိပေမယ့် တိုးတက်ဖို့လိုအပ်နေသေးတယ်ဆိုတဲ့အချက်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ဒီအချက်က ကျွန်တော်တို့အသင်းတိုးတက်မှုအတွက် အတော်လေးအကူအညီပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။