The network connection is lost.

Banner Image

ရီးရဲလ်စတားဟောင်းနဲ့အတူ ကျွမ်းကျင်အဖွဲ့မှာ ပါဝင်လာတဲ့ ကလော့ပ်

သတင်းတွေအရ ရက်ဒ်ဘူးလ်အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာအားကစားအမှုဆောင်အဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်ဟာ ဂျာမနီအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အလုပ်အသစ်ကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ကလော့ပ်ဟာ ရီးရဲလ်စတားဟောင်း ခီဒီရာနဲ့အတူ ဂျာမနီအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကျွမ်းကျင်အဖွဲ့မှာ ပူးတွဲလုပ်ဆောင်မှာဖြစ်ပါတယ်။  ဂျာမနီအသင်းဘက်ကတော့ ကလော့ပ် နဲ့ အခြားအဖွဲ့ဝင်တွေဟာ ဂျာမနီလူငယ်တွေရဲ့တိုးတက်ရေး ၊ အသင်းတွေရဲ့အခြေခံတိုးတက်မှုအပြင် ဘွန်ဒက်စ်လီဂ်အတွက် ရေရှည်တိုးတက်ရေးအတွက်ပါ တာဝန်ယူမှာဖြစ်ပါတယ်။

လိဂ်တာဝန်ရှိသူတွေရဲ့အဆိုအရ ကျွမ်းကျင်အဖွဲ့ဟာ လူငယ်တိုးတက်ရေး နဲ့ အသင်းတွေရဲ့အဆင့်အတန်းတိုးတက်ရေးတွေမှာ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွမ်းကျင်အဖွဲ့က အခြားအရာတွေအပြင် လေ့ကျင့်ရေး နဲ့ အရည်အချင်းရှိတဲ့ကစားသမားတွေတိုးတက်ရေး ၊ အသင်းတွေရဲ့အဆင့်အတန်း နဲ့ တည်ဆောက်ပုံတိုးတက်ရေးတွေမှာ တာဝန်ယူမှာပါ။ ကနဦးဆွေးနွေးမှုတွေကို လာမယ့် ၂၀၂၆ ဆောင်းရာသီမှာ အသင်းတွေနဲ့ ဆွေးနွေးမှာပါ” လိဂ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ကလော့ပ်နဲ့အတူ ခီဒီရာ ၊ စိန့်တ်ပေါလီဘက်က ဘွန်းမန်း ၊ ဘိုင်ယန်ဘက်က  ဆူအာ ၊ ဖရန့်ဘက်က မားကပ်စ် ၊ နုရင်ဘက်က ဂျိုတီ ၊ ဂျာမန်ဘောလုံးအဖွဲ့ချုပ်အမှုဆောင် မာ့ခ်လန်းဇ် နဲ့ အန်ဒရီရက်စ်တို့ ပါဝင်မှာဖြစ်ပါတယ်။ ဂျာမနီအသင်းရဲ့အမှုဆောင်ချုပ် မာ့ခ်ကတေ့ ဂျာမန်ဘောလုံးပြိုင်ပွဲကို နေရာတိုင်းမှာ တိုးတက်အောင်လုပ်ဆောင်ဖို့ ပစ်မှတ်ထားထားတယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ဘွန်ဒက်စ်လီဂါ နဲ့ ဂျာမန်ဘောလုံးအသင်းတွေကို ဘဏ္ဍာရေး ၊ တရားရေး နဲ့ အားကစားဆိုင်ရာအခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ဆောင်သွားမှာပါ။ အတူတူပေါင်းစပ်ပြီး မှန်ကန်တဲ့အရာတွေရေးဆွဲဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်အုပ်စုအနေနဲ့လည်း တန်ဖိုးရှိတဲ့အရာတွေ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ မာ့ခ်ကပြောကြားခဲ့ပါတယ်။

ကလော့ပ်ဟာ ဂျာမနီမြေမှာတုန်းက မိန့်ဇ် ၊ ဒေါ့မွန်တို့ကိုင်တွယ်ခဲ့ဖူးတာဖြစ်ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ကာ အဲ့နောက် လီဗာပူးအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၅၈ နှစ်သားဟာ ၂၀၂၄ မေလတုန်းက လီဗာပူးကနေထွက်ခွာခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်အပါအဝင် ပြည်တွင်းဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီကတည်းက ဂျာမန်သားဟာ ရက်ဒ်ဘူးလ်အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာအမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေကာ စာချုပ်သက်တမ်းက ၂၀၂၉ အထိရှိနေပါတယ်။