The network connection is lost.

Banner Image

ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးဖို့ မွေးဖွားလာခဲ့သူဖြစ်တယ်လို့ ဆိုတဲ့ နာချို

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝါရင့်ကစားသမား နာချိုက ချီးကျူးခန်းဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။
 
လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၅ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲဦးထွက်မှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုရဲ့ လာလီဂါ အစောပိုင်း နေ့ရက်တွေမှ မှတ်တမ်းတွေကိုပါ လိုက်မီလာစေခဲ့တာ ဖြစ်ပါတယ်။
 
မက်ဒရစ်ကလပ်အတွက် အဓိက အားထားနေရတဲ့ ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ နာချိုက“ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးဖို့ မွေးဖွားလာတာပါ။ ကျွန်တော်တို့အသင်းမှာ သူရောက်လာတဲ့ အတွက် ပျော်ရွင်ရပါတယ်။ ဘာနေဗျူးကွင်းကြီးရဲ့ အရှိန်အဝါကိုလည်း သိပါတယ်။ ပွဲစဉ်ကို အစောပိုင်းကတည်းက ဦးဆောင်ထားနိုင်ရမှာမှန်ပေမဲ့ ပြိုင်ဘက်ရဲ့ အရည်အသွေးကောင်းနေတာကြောင့် ခက်ခဲခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြီးတာက ပွဲပြီးတာနဲ့ နိုင်ပွဲရပြီး ရမှတ် ၃ မှတ်ပိုင်ဆိုင်ခွင့်ရဖို့ပါပဲ” “ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်တာကြောင့် ကလပ်အသင်းတိုင်းက ကစားရခက်ခဲပါတယ်။ အနိုင်ရခဲ့တာကြောင့် ရှေ့ပွဲစဉ်တွေအတွက် ယုံကြည်မှု ပိုများသွားစေပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။