The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ပရိသတ်တွေရဲ့နှုတ်ဆက်မှုကြောင့် ကြက်သီးမွှေးညှင်းထသွားတဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ်ကစားသမားဘဝ၊ နောက်ဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းပရိသတ်တွေရဲ့နှုတ်ဆက်မှုကြောင့် ကြက်သီးမွှေးညှင်းပင် ထမိတယ်လို့ တိုက်စစ်မှူးသောမတ်စ်မူလာက အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် မူလာရဲ့နောက်ဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ တကယ့်ကို စိတ်ပျက်စရာကောင်းလွန်းတဲ့ ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ပြီး အင်တာမီလန်ရဲ့နှစ်ကျော့ပေါင်းရလဒ်အသာစီးရရှိမှုနဲ့အတူ ကွာတားဖိုင်နယ်အဆင့်မှ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ မူလာရဲ့နှုတ်ဆက်ပွဲကို ခမ်းခမ်းနားနားဖြစ်စေဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ပွဲစဉ်အပြီး မူလာက နှစ်ကျော့ပေါင်းရလဒ်ဖြင့် ရှုံးနိမ့်ပြီးချိန်မှာတောင် သူ့ရဲ့နာမည်ကို ပရိသတ်တွေ ကြွေးကြော်အော်ဟစ်မှုကို ကြားသိပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်ကို ပြောပြသွားခဲ့ပါတယ်။

မူလာက “ ပွဲစဉ်အပြီး ကွင်းတွင်းအင်တာဗျူးပြုလုပ်ချိန် စိတ်လှုပ်ရှားစရာအခိုက်အတန့် ဖြစ်သွားခဲ့ပါတယ်။ ပရိသတ်တွေအားလုံး ကွင်းတွင်းမှာ ရှိနေတုန်းပါပဲ။ သူတို့က ကျွန်တော့်ရဲ့နာမည်ကိုကြွေးကြော်ပြီး အော်ဟစ်အားပေးကြပါတယ်။ ကျွန်တော် ကြက်သီးမွှေးညှင်းထသွားပါတယ်။ ဒါကို ထိန်းချုပ်လို့ မရပါဘူး။ ပွဲပြီးအခြေအနေနဲ့ တကယ့်ကို အံဝင်ခွင်ကျဖြစ်နေလို့ ကြက်သီးမွှေးညှင်းထသင့်ပါတယ်လေဆိုပြီး ကျွန်တော် မပြောနိုင်ပါဘူး။ သူတို့ကိုယ်တိုင် စိတ်လိုလက်ရလုပ်ပေးတာပါ။ ကျွန်တော် ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်ပရိသတ်တွေကတော့ အသင်းရဲ့ဂန္တဝင်ကစားသမားကို နှုတ်ဆက်ပေးဖို့အတွက် သူတို့ရဲ့စံနှုန်းတွေကို ပြသခဲ့ကြတာ သေချာသလောက်ပါပဲ။ သူတို့အသင်းကတော့ လက်ကျန်ဘောလုံးရာသီအတွင်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုဆွတ်ခူးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရပါမယ်။