ရိုးမားကိုကျော်ကာ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်လိုက်တဲ့ မော်ရင်ဟိုရဲ့ ဖီနာဘာချီ
မော်ရင်ဟိုရဲ့ ဖီနာဘာချီဟာ ရိုးမားကိုကျော်ကာ တစ်ရာသီကို ဂိုး ၂၀ သွင်းတဲ့ တိုက်စစ်မှူးကို ခေါ်ယူလိုက်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက ဖီနာဘာချီသို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်နောက်ပိုင်း ကလပ်ရဲ့ ပထမဆုံးသောတူရကီစူပါလိဂ်ဖလားကို ရယူရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့သတဲ့ရာသီက အစ္စတန်ဘူလ်ခြေစိုက်အသင်းဟာ ရမှတ် ၉၉ မှတ်ရရှိခဲ့ပြီး လိဂ် ၃၈ ပွဲတွင်၃၁ ကြိမ်အနိုင်ရကာ ၁ ပွဲသာရှုံးခဲ့ပြီး ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ဂါလာတာဆာရေးထံ ဆုဖလားကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။
သို့သော် မော်ရင်ဟိုရဲ့ ရောက်ရှိလာမှုဟာ ဖီနာဘာချီအတွက် မျှော်လင့်ချက်သစ်များ ပေးဆောင်ခဲ့ပြီး ဇွန်လတွင် ပေါ်တူဂီနိုင်ငံသားနည်းပြကို မိတ်ဆက်ခြင်းနဲ့အတူကလပ်ရဲ့ Sukru Saracoglu အားကစားကွင်းသို့ လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်ကြယ်ပွင့်ဟောင်း စိန့်မက်ဆီမန်ကို အငှားနဲ့ ခေါ်ယူထားပြီးနောက် အားကစားဂျာနယ်လစ် နီကိုလိုရှာဟီယာက ဖီနာဘာချီဟာ မော်ရင်ဟိုရဲ့အသင်းဟောင်း ရိုးမားကိုကျော်ကာ ဆီဗီလာက အန်နီဆီရီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
အန်နီဆီရီဟာ ယမန်နှစ်က လာလီဂါတွင် သွင်းဂိုး ၁၆ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ်တွင် ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။
တွစ်တာတွင် "ဖီနာဘာချီက အန်နီဆီရီအတွက် ဆီဗီလာနှင့် အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ မော်ရိုကန်ကစားသမားဟာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူလိုနေတဲ့ မော်ရင်ဟိုအတွက် သူ့ရဲ့ရရှိနိုင်မှုကို ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် လစာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်" လို့ ကနဦးတုန်းက ရှာဟီယာက ပြေားထားပါတယ်။
နောက်ပိုင်းတွင် "အန်နီဆီရီက ဖီနာဘာချီနဲ့ ပိုမိုနီးကပ်လာပါတယ်။ ၂၀၂၈ ခုနှစ်အထိ (တစ်နှစ် ယူရို ၅ သန်း) စာချုပ်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းကမ်းချက်များ သဘောတူထားပါတယ်။ ဖီနာဘာချီဟာ ရိုးမားနှင့် ဆော်ဒီကလပ်နှစ်သင်းကို ကျော်ဖြတ်ခဲ့ပြီး တိုက်စစ်မှူးအား ရောင်းချရန် သန်း ၂၀ တောင်းဆိုထားတဲ့ ဆီဗီလာနှင့် သဘောတူညီမှုရရှိရန် လုပ်ဆောင်နေပါတယ်" လို့ ရေးထားပါတယ်။
ဖီနာဘာချီသို့ ရောက်ရှိလာပြီးနောက် မော်ရင်ဟိုက "ဒီအင်္ကျီက အခု ကျွန်တော့်ရဲ့ အသားအရေပါပဲ။ အားလုံးရဲ့အိပ်မက်တွေက အခုကျွန်တော်ရဲ့အိပ်မက်တွေပါ" လို့ ပြောပါတယ်။
ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ရဲ့ နည်းပြဟောင်းဟာ လက်ရှိသူ့အသင်းကို အားကောင်းလာအောင် အမြန်လုပ်ဆောင်ခဲ့ပါတယ်။
ဖီနာဘာချီဟာ လက်စတာနောက်ခံလူဟောင်း ဆိုယွန်ကူ အေစီမီလန်ကွင်းလယ်လူ ကူရန်နစ် နှင့် တူရကီနောက်ခံလူ မာကန်တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။