
အမ်ပိုလီကို 7UPတိုက်ပြီး တစ်စုံတစ်ခုရဲ့အနာဟောင်းကို ဆွပေးခဲ့တဲ့ မော်ရင်ဟိုရဲ့ရိုးမား
ရိုးမားအသင်းဟာ ယမန်နေ့ညက အမ်ပိုလီကို ၇ဂိုးပြတ် သွင်းယူကာ နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။
ယခုနှစ်ရာသီ ရမှတ်တစ်မှတ်သာရသေးတဲ့ ရိုးမားအသင်းဟာ အမ်ပိုလီကို အိမ်ကွင်းမှာ မဖြစ်မနေ နိုင်ပွဲရဖို့အတွက် အားထည့်ကစားခဲ့ပါတယ်။ ပွဲအစနှစ်မိနစ်မှာတင် ရိုးမားအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ပင်နယ်တီကနေတစ်ဆင့် ဒိုင်ဘားလားက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
၆မိနစ်မှာကြာမှာပဲ ခရစ္စတန်ဆန်ရဲ့ဖြတ်တင်ဘောကနေ ရီနာတိုဆန်းချက်စ်က အနီးကပ်ပိတ်သွင်းကာ ရိုးမားအတွက် ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ ၃၅မိနစ်မှာ ခရစ္စတန်တီရဲ့အဝေးကန်ချက်က ဂရက်စီနဲ့ထိကာ ဂိုးဝင်သွားခဲ့လို့ ရိုးမားတို့ တတိယဂိုးရယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာလည်း ရိုးမားကသာ ပွဲကို စိုးမိုးထားခဲ့ပြီး ၅၅မိနစ်မှာ စတုတ္ထဂိုးကို ဒိုင်ဘားလားကပဲ အမ်ပိုလီခံစစ်မှူးတစ်ဦးကို ကျော်ဖြတ်ကာ သွင်းယူခဲ့ပါတယ်။ ပထမပိုင်းအတွင်းက ဂိုးမရခဲ့တဲ့ ခရစ္စတန်တီဟာ ရိုးမားအတွက် ငါးဂိုးမြောက်သွင်းဂိုးအဖြစ် ဘီးကုပ်ထိပ်ကနေ ကန်သွင်းယူခဲ့ပါတယ်။ တစ်ချိန်လုံးလွဲနေတဲ့ လူကာကူကြီးလည်း ၈၂မိနစ်မှာ ရိုးမားကစားသမားဘ၀ ပထမဆုံးသွင်းဂိုးအဖြစ် သွင်းယူပေးခဲ့ပြီး ၈၆မိနစ်မှာတော့ မန်စီနီက ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ရိုးမားတို့ ခုနှစ်ဂိုးပြတ်နိုင်ခဲ့ပါတယ်။
ယခုလို ဂိုးပြတ်နိုင်ပွဲကြောင့် ရိုးမားအသင်းဟာ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး အဆင့်၁၂နေရာ ရောက်ရှိလာခဲ့ပါတယ်။