The network connection is lost.

Banner Image

ကာလာဖီအိုရီနဲ့ မာဂယ်ဟေးစ်တို့ရဲ့ ဒဏ်ရာအခြေအနေကြောင်း အသိပေးလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ကာလာဖီအိုရီနဲ့ မာဂယ်ဟေးစ်တို့ရဲ့ဒဏ်ရာအခြေအနေကြောင်း ပြောရာမှာ သတင်းကောင်းနဲ့ သတင်းဆိုးကို ပြောပြသွားခဲ့ပါတယ်။ ကာလာဖီအိုရီနဲ့ မာဂယ်ဟေးစ်တို့ဟာ အာဆင်နယ်ရဲ့ အဓိကခံစစ်မှူးနှစ်ဦးဖြစ်ပေမယ့် ဒဏ်ရာပြဿနာအသီးသီးကြောင့် နိုဝင်ဘာလကုန်ကတည်းက အနားယူနေရပါတယ်။

အဲဗာတန်နဲ့ပွဲမတိုင်ခင် အဆိုပါခံစစ်မှူးနှစ်ဦးအကြောင်း မေးမြန်းရာမှာ အာတီတာက "တစ်ယောက်တော့ ပြန်လာနိုင်ချေရှိနေပါတယ်။ ဒီနေ့ မာဂယ်ဟေးစ် လေ့ကျင့်ခန်းဆင်းနိုင်ပါတယ်။ ကာလာဖီအိုရီအတွက်ကတော့ ဆေးအဖွဲ့သတ်မှတ်ထားတဲ့ အချိန်ကို ကျွန်တော်တို့ လေးစားရပါမယ်။ သူ့ကို ကျွန်တော်တို့ နေ့တိုင်းစောင့်ကြည့်နေပါတယ်။"လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယနေ့ည အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။