ပြင်သစ်နဲ့ပွဲအပြီး အင်္ဂလိပ်ဒိုင်တွေကို ဝေဖန်လိုက်တဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်
ပြင်သစ်နဲ့သရေကျခဲ့တဲ့ပွဲမှာ နယ်သာလန်ရဲ့ဂိုးကိုခွင့်မပြုခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ဒိုင်တွေဖြစ်တဲ့ အန်တိုနီတေလာ နဲ့ VAR ဒိုင် စတုအက်အက်ဒ်ဝဲလ်တို့ကို နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က ဝေဖန်လိုက်ပါတယ်။
အဆိုပါပွဲမှာ ဇာဗီဆိုင်မွန်တစ်ယောက် ပွဲကစားချိန် ၆၈ မိနစ်မှာသွင်းဂိုးရခဲ့ပေမယ့် လူကျွံအနေအထားဖြစ်နေတယ်ဆိုပြီး ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ပွဲကို ပရီးမီးယားလိဂ်ဒိုင်တွေဖြစ်တဲ့ အန်တိုနီတေလာက ကိုင်တွယ်တာဖြစ်ပြီး VAR ကို အက်ဒ်ဝဲလ်က ကိုင်တွယ်တာဖြစ်ပါတယ်။
ပွဲအပြီးမှာ လီဗာပူး နဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က “ကျွန်တော်တို့ရဲ့ဂိုးက မျှတပါတယ်။ မိုင်နန်အနေနဲ့ အခွင့်အရေးတောင်မရခဲ့ပါဘူး။ ဒါပေမယ့် အင်္ဂလန်ဒိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ဒမ်ဖရိုင်းအနေနဲ့ လူကျွံအနေအထားမှာဖြစ်နေတာမှန်ပါတယ်။
ဒါပေမယ့် သူက ဂိုးသမားကို အနှောက်အယှက်မပေးခဲ့ပါဘူး။ ကျွန်တော့်အမြင်အရတော့ အဲ့တာက ဂိုးအဖြစ် ခွင့်ပြုသင့်ပါတယ်။ ခင်ဗျားအနေနဲ့ ၅ မိနစ်လောက် စစ်ဆေးဖို့ လိုအပ်လို့လား?။ အဲ့တာကို နားမလည်နိုင်ဖြစ်ရပါတယ်။ ကျွန်တော့်အမြင်မှာတော့ သူက ဂိုးသမားကို အနှောက်အယှက်မပေးခဲ့ပါဘူး”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
ကိုးမန်း နဲ့ သူ့ရဲ့အသင်းသားတွေအတွက် မမျှတသလိုဖြစ်ခဲ့ပြီး နယ်သာလန်ဟာ လာမယ့်အင်္ဂါနေ့မှာ သြစတြီးယားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ ပြင်သစ်က ပိုလန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပိုလန်က အုပ်စုကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။