The network connection is lost.

Banner Image

ငယ်မွေးခြံပေါက်ကစားသမားတွေပြတ်လပ်တာနဲ့ပတ်သက်ပြီး ညည်းတွားခဲ့တဲ့ ဂတ်တူဆို

အီတလီနည်းပြ ဂတ်တူဆိုက စီးရီးအေနည်းပြတွေအနေနဲ့  ငယ်မွေးခြံပေါက်ကစားသမားတွေကို စီးရီးအေမှာ များများအခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေမှာ ၆၈% ဟာ ပြည်ပကစားသမားတွေဖြစ်နေတာကို ဂတ်တူဆိုက အင်တာဗျူးမှာ ထောက်ပြခဲ့ပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့သေချာနေချိန်မှာ အီတလီနည်းပြသစ် ဂတ်တူဆိုက လူငယ်ကစားသမားတွေလည်းဖြစ် ငယ်မွေးခြံပေါက်အီတလီသားတွေကို စီးရီးအေမှာ အခွင့်အရေးပိုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အီတလီအသင်းရဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဂတ်တူဆိုက “ဒီနှစ်မှာ ကျွန်တော်တို့ စီးရီးအေကိုပြန်ကြည့်လိုက်ရင် ကစားသမားတွေဟာ ၆၈%က ပြည်ပကစားသမားတွေဖြစ်နေပြီး ၃၂% လောက်ပဲ အီတလီသားတွေဖြစ်နေပါတယ်။ ဒီအချက်အလက်တွေကို ပြင်ရမှာဖြစ်ပြီး ကျွန်တော်တို့ ငယ်မွေးခြံပေါက်အီတလီသားတွေကို အသုံးပြုရပါမယ်။ အဲ့တာကို ပြောင်းလဲရမှာဖြစ်ပြီး စိတ်အားထက်သန်စွာလုပ်ဆောင်ရမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပိုင်ရှင် အီတလီအသင်းအနေနဲ့ လာမယ့်စက်တင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အက်စ်တိုးနီးယားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။