The network connection is lost.

Banner Image

ကိုင်စီဒိုဟာ ရိုဒရီနီးပါးကောင်းတဲ့ကစားသမားလို့ မာရက်စ်ကာ အခိုင်အမာဆို

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက မိမိတို့ကွင်းလယ်လူ ကိုင်စီဒိုဟာ မန်စီးတီးကွင်းလယ်လူ ရိုဒရီနီးပါးလောက်ကောင်းမွန်တဲ့ကစားသမားလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့အတူ ပထမရာသီမှာရုန်းကန်နေရပေမယ့် အသက် ၂၃ နှစ်သားဟာ အခုရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။ မာရက်စ်ကာက အီကွေဒေါသားကို အာဆင်နယ်စတား ရိုက်စ် နဲ့ မန်စီးတီးစတား ရိုဒရီတို့နည်းတူ ကောင်းမွန်တဲ့သူလို့ ထောက်ခံခဲ့ပါတယ်။

“သူ(ကိုင်စီဒို)က သူတို့အဆင့်နီးပါးရှိတဲ့သူပါ။ ဘာမှသံသယဖြစ်စရာမရှိပါဘူး။ ကံမကောင်းစွာနဲ့ ရိုဒရီက ဒဏ်ရာရရှိခဲ့ပြီး ဒီကလန်ရိုက်စ်ကတော့ ဆက်ကစားနိုင်နေပါတယ်။ ဒါပေမယ့် မွိုက်စ်ကလည်း သူတို့နဲ့အဆင့်အတူတူလောက်ရှိပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကိုင်စီဒိုကို ၂၀၂၃ သြဂုတ်လတုန်းက ဘရိုက်တန်အသင်းထံကနေ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အာဆင်နယ်က ရိုက်စ်ကို ဝက်စ်ဟမ်းထံကနေ ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အခုနှစ်မှာ ရိုဒရီက ဘော်လွန်းဒီအော်ဆုရယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့ကာ ရိုက်စ် ၊ ကိုင်စီဒိုတို့က ယှဉ်နိုင်ဖွယ်မရှိသေးတာဖြစ်ပါတယ်။ ကိုင်စီဒိုဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် ဖိအားတွေရှိနေပြီး အခုရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ ချဲလ်ဆီးဟာ လာမယ့်တနင်္ဂနွေနေ့မှာ လန်ဒန်ဒါဘီအဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။