The network connection is lost.

Banner Image

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်သုံးဦးအထိ ခေါ်ယူဖို့ ကြိုးစားမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်သုံးဦးအထိ ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် နည်းပြ ပက်ဂွါဒီယိုလာကတော့ ပြောင်းရွှေ့ကြေးအသုံးစရိတ်ကြောင့် ကစားသမားကောင်းမရမှာကို စိုးရိမ်နေပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံတို့ဟာ ဆောင်းရာသီအပြောင်းအရွှေ့အတွင်း ကွင်းလယ်လူ၊ နောက်ခံအစွန်လူနဲ့ တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပါတယ်။


ယနေ့ည အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင် ဂွါဒီယိုလာက "ကျွန်တော်တို့က ဆောင်းရာသီအပြောင်းအရွှေ့မှာ လှုပ်ရှားတတ်တဲ့ အသင်းမျိုး မဟုတ်ပေမယ့် အခုဖြစ်နေတဲ့ အခြေအနေတွေက အရမ်းထူးခြားနေပါတယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ ဆွေးနွေးထားပါတယ်။

ဆောင်းရာသီအတွင်း ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့နေရာကို ဖြည့်တာ၊ ဒါမှမဟုတ် ကစားသမားကောင်းတစ်ဦး ရှာတွေ့တာမျိုးဆို ခေါ်ယူမှု ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက မလွယ်ပါဘူး။ ဒီလိုအချိန်မှာ အသင်းတွေက ကစားသမားတွေကို မရောင်းချင်တာကြောင့် ခေါ်ယူမယ်ဆိုရင် ဈေးအရမ်းကြီးမှာပါ။ ဒါကလည်း ဈေးကွက်အပေါ် မူတည်တာကြောင့် ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။"လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကွင်းလယ်လူနေရာအတွက် နယူးကာဆယ်က ဘရူနိုဂူမာရေးစ်နဲ့ ဆိုစီဒက်က ဇူဘီမန်ဒီတို့ကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ရိုဒရီက တစ်ရာသီလုံးလိုလို နားရမယ့်အခြေအနေကြောင့် နံပါတ်၆နေရာက မန်စီးတီးအတွက် အဓိက လိုအပ်ချက်ဖြစ်လာနိုင်ပါတယ်။ အလားတူ ဂွါဒီယိုလာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးတွေဆက်တိုက်ပေးနေရတဲ့ ခံစစ်ပိုင်းကို အားဖြည့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။