The network connection is lost.

Banner Image

ကမ္ဘာ့ဖလားကို ဘောလွန်းဒီအော်ဆုနဲ့လဲပစ်နိုင်တယ်လို့ အခိုင်အမာဆိုလာတဲ့ ရိုဒရီ

ရိုဒရီဟာ ခေတ်သစ်ဘောလုံးလောကရဲ့ အကောင်းဆုံး ခံစစ်ကွင်းလယ်လူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဟာ ကလပ်အသင်းအတွက် ကမ္ဘာ့အဆင့်ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သူရဲ့အောင်မြင်မှုမှတ်တိုင်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ရိုဒရီဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သလို ကွင်းလယ်အနိမ့်ပိုင်းကနေ ကစားပေးရပေမဲ့လည်း ဂိုးပါဝင်ပတ်သက်မှု ၁၈ ကြိမ်အထိ ရှိခဲ့ကာ အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နိုင်ငံအသင်းအတွက်လည်း နိုင်ငံတကာပွဲတွေမှာ အစွမ်းပြနိုင်ခဲ့သူပါ။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ စပိန်အသင်း ယူရို ၂၀၂၄ ချန်ပီယံဖြစ်ခဲ့စဉ်မှာ ၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပြီ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ဒီဂုဏ်သိက္ခာကြီးမားတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပြီး ရိုဒရီကတော့ အဲဒီခန့်မှန်းချက်တွေ အမှန်တကယ်ဖြစ်လာဖို့အတွက် သူ့ရဲ့ ဘလွန်းဒီအောဆုကို စတေးရမယ်ဆိုရင်တောင် ဘာမဆိုလုပ်ဖို့ အဆင်သင့်ရှိနေပါတယ်။

"ရှင်းရှင်းလင်းလင်းနဲ့ သံသယဖြစ်စရာမလိုဘဲ ပြောရရင် ဒုတိယမြောက် ကမ္ဘာ့ဖလားကြယ်ပွင့် (ချန်ပီယံဆု) အတွက် ကျွန်တော့်ရဲ့ ဘလွန်းဒီအောဆုကို လဲလှယ်ဖို့ အဆင်သင့်ပါပဲ" လို့ သူက စပိန်သတင်းစာတွေနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ "ကိုယ့်နိုင်ငံအတွက် ဖလားရယူပေးနိုင်တာက အထူးခြားဆုံးပါပဲ။ ယူရိုဖလားက ကျွန်တော်ရခဲ့တဲ့ အရေးကြီးဆုံးဆုဖလား ဖြစ်ပေမဲ့ ကမ္ဘာ့ဖလားကတော့ အမြင့်ဆုံး အောင်မြင်မှုပါပဲ" လို့လည်း ဆိုပါတယ်။

စပိန်အသင်းဟာ ၂၀၁၀ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလား ရရှိခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ ကိပ်ဗာဒီ၊ ဆော်ဒီအာရေးဗီးယား၊ ဥရုဂွေးတို့နဲ့ ကစားရမယ့် အုပ်စုပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ အစပြုနိုင်ဖို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်။