
နွေရာသီမှာ ဝုဗ်စတားကိုခေါ်ယူဖို့ မျက်စိကျလာတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဝုဗ်စတား ကန်ဟာကို ခေါ်ယူဖို့ မျက်စိကျလာတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ယူနိုက်တက်ဟာ တိုက်စစ်မှာ တည်ငြိမ်မှုရယူနိုင်ဖို့ ရုန်းကန်နေရပြီး ဇီကာဇီး နဲ့ ဟွိုက်လန်းတို့ကလည်း ဂိုးပေါက်ပျောက်နေကြကာ ၂ ဦးပေါင်း လိဂ်ဂိုး ၆ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ယူနိုက်တက်က ဘရာဇီးသားကို ပေါင် ၆၂.၅ သန်းနဲ့ စာချုပ်ဖျက်သိမ်းကြေးပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၅ နှစ်သားကို ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ယူနိုက်တက်အနေနဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။
ကန်ဟာကတော့ ၂၀၂၃ တုန်းက တီကိုအသင်းထံကနေ အပြီးသတ်ပြောင်းရွှေ့လာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဒီရာသီ ၂၉ ပွဲမှာ ၁၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ကန်ဟာအနေနဲ့ လာမယ့်တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ပွဲမှာ ဝုဗ်အသင်းကို ဦးဆောင်လာနိုင်ပြီး ယူနိုက်တက်ကတော့ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။