The network connection is lost.

Banner Image

မာကို ကာနက်စက်ချီ ကို ခေါ်ယူရန် ဆွေးနွေးမှုများ စတင်လိုက်တဲ့ ယူနိုက်တက်

၂၀၂၃ ခုနှစ်တွင် အင်တာမီလန် မှ ပေါင် ၄၇.၂ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်နှင့်အတူ နှစ်ရာသီ လက်စွမ်းမပြနိုင်ခဲ့တဲ့ အိုနာနာ ရဲ့ အိုးထရက်ဖို့ဒ် အနာဂတ်မှာ မသေချာမရေရာ ဖြစ်နေပါတယ်။ ကင်မရွန်းလက်ရွေးစင် ကစားသမားကလည်း ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာမည့် အလားအလာကို ငြင်းဆန်ခြင်း မရှိခဲ့ပါဘူး။

"ကျွန်တော် ထွက်သွားမှာလား မသိဘူး စောင့်ကြည့်ရဦးမယ်" လို့ အိုနာနာ က ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘာကီနာဖာဆို တွင် ကျင်းပခဲ့တဲ့ ပရဟိတပွဲတစ်ခု၌ အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းတဲ့အခါ ပြန်လည်ဖြေကြားခဲ့ပါတယ်။ Sky Sport Italy ရဲ့ အဆိုအရ မိုနာကို ဟာ အိုနာနာနှင့် ပတ်သက်၍ ယူနိုက်တက်ထံ စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။

မိုနာကိုဟာ လီဂူးဝမ်း တွင် တတိယနေရာ ရရှိပြီးနောက် လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့် ရရှိခဲ့ပြီး အသင်းရဲ့အထွေထွေမန်နေဂျာ သီယာဂို စကူရို က ဂိုးသမားသစ် ခေါ်ယူခြင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွက် ကလပ်ရဲ့ ဦးစားပေးများထဲမှ တစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

"ကျွန်တော်တို့ စျေးကွက်ကို စောင့်ကြည့်နေပါတယ်" 

"သိသာပါတယ်၊ ကျွန်တော်တို့ ဂိုးသမား နေရာအကြောင်းကို အတွင်းပိုင်းမှာ ဆွေးနွေးခဲ့ပြီးပါပြီ၊ ဘာလို့လဲဆိုတော့ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ပြဿနာတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ သိလို့ပါပဲ"

"ကျွန်တော်တို့ရဲ့ ဂိုးသမားတွေက သူတို့ရဲ့ လူသားဆန်မှုနဲ့ ဘောလုံးအရည်အချင်းတွေ ရှိပေမဲ့ ကျွန်တော်တို့ရဲ့ အဆင့်မှာ ခွင့်မပြုနိုင်တဲ့ အမှားတွေ လုပ်ခဲ့ကြတယ်၊ ဒါကြောင့် ဂိုးသမားအသစ် ရှာဖို့ စတင်ရပါတော့မယ်" လို့ စကူရို က ပြီးခဲ့တဲ့လက La Gazette de Monaco သို့ ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ယူနိုက်တက်ဟာ ယခုနွေရာသီတွင် အိုနာနာကို အစားထိုးရန် အလားအလာကို စဉ်းစားနေပြီး ကာနက်စက်ချီ ရဲ့ အေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အတ္တလန္တာထံသို့ ချဉ်းကပ်မှု မပြုလုပ်ရသေးပါဘူး။ ကာနက်စက်ချီဟာ ယခုနှစ်အစောပိုင်းက အတ္တလန္တာ နှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ ရှိနေတာ ဖြစ်ပါတယ်။ စီးရီအေတွင် ပြီးခဲ့တဲ့ရာသီက တတိယနေရာ ရရှိခဲ့တဲ့ ကလပ်က အသက် ၂၄ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၅၀ (ပေါင် ၄၂.၇ သန်း) တောင်းဆိုလိမ့်မယ်လို့ ထင်ရပါတယ်။

ယခုလအစောပိုင်းက ရိုးမားရဲ့နည်းပြချုပ် ဖြစ်လာရန် ကိုးနှစ်ကြာရှိခဲ့တဲ့ အတ္တလန္တာမှ ထွက်ခွာခဲ့တဲ့ ဂက်စ်ပါရီနီ က ဂိုးသမားရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးခဲ့ပါတယ်။

"သူက အချို့သော အဆုံးအဖြတ်ပေးနိုင်တဲ့ ကာကွယ်မှုတွေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေပါတယ်" 

"သူက အရေးပါတဲ့ ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ၊ သူက အမြဲတမ်း အဆင်သင့်ရှိနေပါတယ်၊ ဒီနောက်ဆုံးပွဲစဉ်တွေမှာ သူ သေချာပေါက် အဆုံးအဖြတ်ပေးနိုင်ခဲ့ပါတယ်"

"သူက သူ့ရဲ့ ခြေထောက်နဲ့ ကစားပုံကို ထပ်ပြီး တိုးတက်လာဦးမှာပါ၊ ဒါပေမဲ့ သူ့မှာ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိနေပါတယ်" လို့ ဂက်စ်ပါရီနီ က ပြောကြားခဲ့ပါတယ်။ ကာနက်စက်ချီဟာ အတ္တလန္တာ အတွက် ပထမအသင်း ပွဲစဉ် ၇၆ ပွဲ ကစားခဲ့သော်လည်း အီတလီ လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ကစားရခြင်း မရှိသေးပေ။ သို့သော် ယခုလအစောပိုင်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲ အတွက် လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အက်စတွန် ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ် ကို ခေါ်ယူရန်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလားဆုရှင်က ရူဘင် အမ်မိုရင် ရဲ့ အသင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း သိရပါတယ်။