The network connection is lost.

Banner Image

ကလပ်ဘရုဂျက်နဲ့ ကာလတိုစာချုပ် ချုပ်ဆိုသွားမယ့် ဆွမ်မာ

အင်တာမီလန်အသင်းရဲ့ ဂိုးသမားဟောင်း ရန်ဆွမ်မာဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းဆီ ‘ကာလတိုစာချုပ်’ နဲ့ ပူးပေါင်းဖို့ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွမ်မာဟာ အင်တာမီလန်အသင်းမှာ သုံးနှစ်ကြာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဆွမ်မာဟာ အင်တာမီလန်မှာ ကစားခဲ့စဉ်အတွင်း စီးရီးအေဖလား နှစ်ကြိမ်၊ ကိုပါအီတာလီယာဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၄-၂၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်လှမ်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ အဆိုပါ ဝါရင့်ဂိုးသမားဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းနဲ့ ‘ကာလတိုစာချုပ်’ ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဆွမ်မာဟာ စပိန်ကလပ်တစ်ခုဆီကနေ ‘အရေးပါတဲ့’ ကမ်းလှမ်းမှုအပါအဝင် အခြားကမ်းလှမ်းမှုအများအပြား ရရှိခဲ့ပေမဲ့ ဘယ်လ်ဂျီယံကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလို့လည်း နားလည်ရပါတယ်။