The network connection is lost.

Banner Image

ယခုနွေရာသီတွင် ကစားသမား ၆ ဦးအထိ ရောင်းချရန် ဆန္ဒရှိနေတဲ့ မန်စီးတီး

မန်စီးတီးဟာ ဒီနွေရာသီတွင် ဝါရင့်ကစားသမား ၆ ဦးအထိ ရောင်းထုတ်ရန် အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ The Athletic သတင်းစာရဲ့ ဖော်ပြချက်အရ နောက်ခံလူ ဂျွန် စတုန်း နှင့် ဝါရင့်ကွင်းလယ်လူ အီလ်ကိုင် ဂန်ဒိုဂန်တို့ဟာ ရောင်းချမည့် ကစားသမားစာရင်းတွင် ထိပ်ဆုံးမှာ ရှိနေပါတယ်။

ကိုဗာဆစ် ကိုလည်း ဥရောပတစ်လွှားရှိ ကလပ်များသို့ ရောင်းချရန် လှမ်းဖွင့်ထားပါတယ်။ တစ်ချိန်တည်းမှာပင် အလားအလာရှိတဲ့ လူငယ်ကစားသမားများဖြစ်တဲ့ နီကို အိုရီလီ ၊ ကလော့ဒီယို အီချီဗာရီ နှင့် အော်စကာ ဘော့ဘ် တို့ကိုလည်း သင့်တော်တဲ့ ဈေးနှုန်းများရရှိပါက လက်လွှတ်သွားဖွယ်ရှိပါတယ်။

သို့သော်လည်း နောက်ဆုံးဖော်ပြခဲ့တဲ့ ကစားသမားသုံးဦးမှာ လာမယ့်ရက်သတ္တပတ်များအတွင်း အပြီးသတ်ရောင်းချခြင်းထက် အငှားထွက်ခွာဖွယ်ရှိပါတယ်။