The network connection is lost.

Banner Image

ရီးရဲလ်အသင်းက ချိတ်ဆက်နေမှုအပေါ် ထုတ်ဖော်ပြောကြားလာတဲ့ အလစ္စတာရဲ့ဖခင်

လီဗာပူးစတား အလစ္စတာရဲ့ဖခင်ဖြစ်သူကတော့ သားဖြစ်သူကို ရီးရဲလ်အသင်းက ချိတ်ဆက်နေမှုအပေါ် လီဗာပူးအသင်းမှာ အရမ်းပျော်နေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အလစ္စတာရဲ့ဖခင် ကားလို့စ်က သူ့သားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းဌာနတွေက ရီးရဲလ်အသင်းဟာ အလစ္စတာကို နွေရာသီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဂျင်တိုင်းသားဟာ အသင်းဖော် အာနိုးလ်လမ်းစဉ်ကို လိုက်နင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ အင်္ဂလန်သားဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ ရီးရဲလ်အသင်းဟာ ဂူလာကိုအသုံးချပြီး အလစ္စတာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ တူရကီသားဟာ ရီးရဲလ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ပွဲထွက်ခွင့်လည်း ရုန်းကန်နေရပါတယ်။

ရီးရဲလ်အသင်းရဲ့ချိတ်ဆက်နေမှုအပေါ် အလစ္စတာရဲ့ဖခင် ကားလို့စ်က “ဘာမှတ်ချက်မှမပေးချင်ပါဘူး။ ကျွန်တော့်သားက လီဗာပူးအသင်းမှာ အရမ်းပျော်နေပါတယ်။ သူစာချုပ်သက်တမ်းကျန်နေသေးသလို အသင်းနဲ့အတူလည်း အောင်မြင်မှုတွေရယူချင်နေပါတယ်။ သူကစားတဲ့အသင်းအပေါ်မှာ လေးစားမှုရှိဖို့က အရေးအကြီးဆုံးပါ။ မလိုအပ်တဲ့ပြဿနာတွေမဖြစ်စေဖို့ ဘာမှတ်ချက်မှမပေးချင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

အလစ္စတာအနေနဲ့ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ အာရုံစိုက်နေပြီး ၆ ပွဲကစားဖို့ကျန်နေချိန်မှာ အာဆင်နယ်ကို ၁၃ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်က အစ်ဝှစ်တောင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။