The network connection is lost.

Banner Image

ယူနိုက်တက်ကနေထွက်ခွာတော့မယ့်မာရှယ်ကို လိုင်ယွန်နဲ့မာဆေးလ်တို့ အပြိုင်ပစ်မှတ်ထားနေ

ယူနိုက်တက်ကနေထွက်ခွာတော့မယ်လို့ မကြာသေးမီက ကြေညာခဲ့တဲ့တိုက်စစ်မှူး အန်တိုနီမာရှယ်ကို ဇွန်လကုန်မှာပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာဖြစ်လို့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ လိုင်ယွန်နဲ့မာဆေးလ်တို့သာမက တူရကီကလပ် ဘက်ဆစ်တက်စ်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ယခုတစ်ပတ်အစောပိုင်းမှာ ပြင်သစ်သားက ၉ နှစ်ကြာနေထိုင်ခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ ‌ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပါတယ်။ မာရှယ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေများပြားခဲ့တာ‌ကြောင့် ပွဲထွက်ကစားဖို့ရုန်းကန်ခဲ့ရပေမယ့် ယခုအချိန်မှာတော့ ရွေးချယ်စရာအသင်းသစ်တွေ များပြားနေတာဖြစ်ပါတယ်။ 

သတင်းတွေက မာရှယ်ကို ဥရောပကလပ်တွေသာမက ဆော်ဒီအာရေဗျနဲ့ မေဂျာလိဂ်ကလပ်တွေကပါ စိတ်ဝင်စားနေတယ်လို့ ဖော်ပြနေကြပေမယ့် ပြင်သစ်သားဟာ ဥရောပမှာပဲ ဆက်လက်ကစားလိုတယ်လို့သိရပါတယ်။ 

ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၉ နှစ်တာကာလအတွင်း မာရှယ်ဟာ ပွဲပေါင်း ၃၁၇ ပွဲကစားပြီး ဂိုး ၉၀ အထိသွင်းယူနိုင်ခဲ့ပေမယ့် အသင်းမှာဆက်လက်နေထိုင်ဖို့တော့ လုံလောက်တဲ့ အာမခံချက်မရရှိခဲ့ပါဘူး။ ၃ ရာသီဆက် ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့မာရှယ်ဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ၁၃ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပြီး ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ မကြာမီမှာပဲ စာချုပ်သက်တမ်းကုန်‌ဆုံးတော့မှာဖြစ်လို့ ယခုအခါမှာတော့ မာရှယ်အနေနဲ့ အသင်းသစ်ကိုရွေးချယ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေစတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။