The network connection is lost.

Banner Image

နိုက်စ်အသင်းကို အံ့အားသင့်ဖွယ်အရေးနိမ့်ပြီးနောက် အာဆင်နယ်ထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အင်းနရစ်

သောကြာနေ့ညက နိုက်စ်အသင်းကို အံ့အားသင့်ဖွယ်အရေးနိမ့်ပြီးနောက် အာဆင်နယ်အသင်းနဲ့ပွဲအတွက် မစိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ အခုလအစောပိုင်းတုန်းက လီဂူးဝမ်းချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ ရှုံးပွဲမရှိစံချိန်နိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် မထင်မှတ်ပဲ နိုက်စ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မော်ဂန်ရဲ့သွင်းဂိုးကို ဖေဘီယန်ရုဇ်က ချေပနိုင်ခဲ့ပေမယ့် နိုက်စ်အတွက် အနိုင်သေချာစေမယ့်ဂိုးတွေကို ဆန်ဆွန် နဲ့ နာယီရှီမီရီတို့ကသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၃၂ ကြိမ်အထိရှိခဲ့ပေမယ့် နိုက်စ်အသင်းဂိုးသမားရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဂိုး ၁ ဂိုးသာရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ အင်းနရစ်အနေနဲ့ လာမယ့်အင်္ဂါနေ့ အာဆင်နယ်နဲ့ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့မကန်ခင် အင်းနရစ်က သူ့အသင်းအခြေအနေကို မစိုးရိမ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “ပထမဆုံးအနေနဲ့ ကျွန်တော်နိုက်စ်အသင်းကို ချီးကျူးချင်ပါတယ်။ သူတို့ ၁၀၀% အားစိုက်ထုတ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ သူတို့ကျွန်တော်တို့ဂိုးကို ၁ ကြိမ်လားခြိမ်းခြောက်နိုင်ခဲ့ပြီး ၁ ဂိုးရအောင်ယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အခွင့်အရေး ၂ ကြိမ်ရတော့လည်း ထပ်သွင်းနိုင်ခဲ့ပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့အားစိုက်ထုတ်မှုရှိပါတယ်။ ရလဒ်က ထိုက်တန်တယ်လို့ ကျွန်တော်မထင်ပါဘူး။ တစ်ပွဲလုံးအကောင်းဆုံးကစားခဲ့တာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ သရေထက်ပိုကောင်းတဲ့ရလဒ်နဲ့ထိုက်တန်ပါတယ်။ ဒုတိယပိုင်းမှာ ပထမဆုံးအခွင့်အရေးကနေ ဂိုးပေးလိုက်ရပါတယ်။ အဲ့တာက အံ့အားသင့်စရာဖြစ်ပြီး ဖြစ်နိုင်ချေလည်းရှိပါတယ်။ ကျွန်တော်တို့ပစ်မှတ်က စံချိန်တွေတင်နိုင်ဖို့ပါ။ တစ်ခုကတော့မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံလိဂ်ဖိုင်နယ်သွားချင်တဲ့စံချိန်ကိုတော့ ပြောင်းလဲမှာမဟုတ်ပါဘူး”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ရာသီတုန်းကကော အခုရာသီကော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ပရိသတ်တွေကတော့ အာဆင်နယ်ကိုကျော်ဖြတ်ကာ ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော် မြင်ခဲ့ရတာတွေကိုကြည့်ပြီးပြောရရင် အာဆင်နယ်နဲ့ပွဲအတွက် မစိုးရိမ်ပါဘူး။ ရလဒ်အတွက်တင်မဟုတ်ပဲ ယေဘုယျအားဖြင့် ကျွန်တော်တို့မှာ ဂိုးကန်သွင်းခွင့် အကြိမ် ၃၀ လောက်ရပါတယ်။ အဲ့အတွက် မစိုးရိမ်သလို တိုက်စစ်ကလည်း အဆင်ပြေပါတယ်။ နိုက်စ်ဂိုးသမားက အံ့ဖွယ်ကာကွယ်မှုတွေလုပ်နိုင်ခဲ့တာပါ။ ပြင်သစ်မှာ ကျွန်တော်တို့က အကောင်းဆုံးအသင်းပါ။ အဲ့တာကို သက်သေပြထားပြီးသားပါ။ 

အခုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်အကြောင်းပဲ တွေးပါတော့တယ်။ ကစားသမားကလည်း အေးဆေးဖြစ်နေပါပြီ။ ကျွန်တော်တို့နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။ ပြိုင်ဘက်က ၁၀၀% အားစိုက်ထုတ်ရင်တောင် ကျွန်တော်တို့အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ အင်းနရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။