The network connection is lost.

Banner Image

မိုက်ကယ်အက်ဒ်ဝါ့ဒ်အား CEOအဖြစ် ခန့်အပ်လိုက်ကြောင်း လီဗာပူးအတည်ပြု

မိုက်ကယ်အက်ဒ်ဝါ့ဒ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က အန်ဖီးလ်ရဲ့ အားကစားဒါရိုက်တာအဖြစ်မှ ရုတ်တရက် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကလပ်ရှိ သူ့ရဲ့အခန်းကဏ္ဍကို မကျေမနပ်ဖြစ်ခဲ့ပြီး လီဗာပူးမှာ လွှမ်းမိုးနိုင်ဖို့ သူ့အနေနဲ့ ထိန်းချုပ်မှုတွေ ပိုလိုအပ်တယ်လို့ အက်ဝပ်ဒ်က ခံစားခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကလပ်မှ မထွက်ခွာချိန်အထိ အက်ဒ်ဝါ့ဒ်ဟာ အန်ဖီးလ်တွင် ဆယ်စုနှစ်ကြာနေထိုင်ခဲ့ပြီး ဆာလက်နှင့် ဗန်ဒိုက်တို့ကို ခေါ်ယူရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

ရာသီကုန်တွင် ရာထူးမှနုတ်ထွက်မယ်လို့ ကလော့ပ်က ဇန်နဝါရီတွင် ကြေငြာပြီးနောက် ကလပ်သို့ပြန်လာရန် တောင်းဆိုမှုကို ကနဦးတွင် အက်ဒ်ဝါ့ဒ်က ငြင်းဆိုခဲ့ပါတယ်။ သို့သော် ယခုအခါ မိုက်ကယ်အက်ဒ်ဝါ့ဒ်ဟာ အန်ဖီးလ်တွင် သြဇာကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်လာမှာဖြစ်ပြီး ဘောလုံးဆိုင်ရာလုပ်ငန်းများကို လက်တွေ့ကျကျ ထိန်းချုပ်နိုင်မှာဖြစ်ကာ ညီနောင်ကလပ်ရဲ့ ဝယ်ယူမှုကိုပါ ကြီးကြပ်နိုင်မှာဖြစ်ပါတယ်။

မိုက်ကယ်အက်ဒ်ဝါ့ဒ်ဟာ ကမ္ဘာ့ဘောလုံးလောကတွင် အတော်ဆုံးအမှုဆောင်အရာရှိတွေထဲမှ တစ်ဦးဖြစ်ပြီး ဂျွန်၊ တွမ် တို့ဟာ ကလပ်ရဲ့လုပ်ငန်းများအတွက် အာမခံပေးတာကြောင့် အလွန်ပင် ပီတိဖြစ်မိကြောင်း FSG ဥက္ကဋ္ဌ မိုက်ခ်ဂေါ်ဒွန်က ကြေငြာချက်တွင် ပြောကြားခဲ့ပါတယ်။

''အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ အခွင့်အလမ်းသစ်တွေကို အပြင်မှာ ရှာဖွေဖော်ထုတ်တာပဲဖြစ်ဖြစ် အတွင်းမှာ ပိုမိုကောင်းမွန်လာဖို့အတွက်ပဲဖြစ်ဖြစ် ဆက်လက်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ဦးဆောင်ဖို့ သူ့ထက်ပိုမိုကောင်းတဲ့သူ တစ်ယောက်မှ မရှိပါဘူး" လို့ မိုက်ခ်ဂေါ်ဒွန်က ပြောပါတယ်။

သူ့ရဲ့ ပထမဆုံးတာဝန်က လီဗာပူးရဲ့ အားကစားဒါရိုက်တာအသစ်အဖြစ် ဘုန်းမောက်ရဲ့ ရစ်ချတ်ဟွတ်ခ်အတွက် အပြီးသတ် သဘောတူညီမှု ရရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ ရစ်ချတ်ဟွတ်ခ်ဟာ ရာသီကုန်တွင် တောင်ဘက်ကမ်းရိုးတန်းကလပ်မှ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကြေညာခဲ့ပြီး အန်ဖီးလ်သို့ ပြောင်းရွှေ့ရန် မျှော်လင့်ရပါတယ်။
အဲ့ဒီနောက် မိုက်ကယ်အက်ဒ်ဝက်ဟာ ကလော့ပ်ရဲ့နေရာကိုဆက်ခံဖို့ နည်းပြကို ကူညီရှာဖွေးပေးရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုကို စိတ်ဝင်စားနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။