The network connection is lost.

Banner Image

လီဗာပူးအသင်းတိုးတက်လာရမယ့်နေရာတွေကို ပဲလေ့စ် ပြသပေးခဲ့တယ်လို့ ဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ကွန်မြူနတီဒိုင်းပွဲစဉ်ရှုံးနိမ့်မှုဟာ အသင်းအတွက် တိုးတက်ဖို့လိုအပ်နေသေးတဲ့ နေရာတွေကို အတိအကျပြသပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးက သာမန်ပွဲကစားချိန်အတွင်း နှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ဗန်ဒိုက်က “ စိတ်ခံစားချက်တွေ သိသိသာသာရောထွေးနေပါတယ်။ ပထမဆုံးအနေနဲ့ ကွန်မြူနတီဒိုင်းနဲ့လွဲချော်ခဲ့လို့ စိတ်ပျက်မိပါတယ်။ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးချင်လို့ ဒီနေရာအထိ ရောက်ရှိလာခဲ့တာပါ။ ဒီလိုလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိခဲ့သလို ပျက်ပြယ်သွားဖို့အတွက်လည်း အခွင့်အလမ်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ့်အရှိတရားကတော့ ဒီနေ့မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်ဆိုတာပါပဲ။

ဒီနေ့မှာ ကျွန်တော်တို့ရဲ့ရာသီကြိုခရီးစဉ်ပြီးဆုံးသွားပါပြီ။ အခုတော့ ဘုန်းမောက်နဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်အောင်လုပ်ဖို့ပဲ ကျန်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ အနိုင်ရရှိခြင်း၊ ရှုံးနိမ့်ခြင်းတို့လို အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှိသင့်တဲ့ အကျိုးသက်ရောက်မှုမျိုးက ကျွန်တော်တို့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို ယုံကြည်နေဖို့ပါပဲ။ 

အမှတ်ပေးချန်ပီယံဘွဲ့ကို ဆက်ထိန်းသိမ်းချင်တယ်ဆိုရင် အသင်းတစ်ခုအဖြစ် တိုးတက်လာဖို့ လိုအပ်ပါတယ်။ ဒါဟာ အလွန်ကြီးမားလှတဲ့အလုပ်တာဝန်တစ်ခု ဖြစ်လာမယ်ဆိုတာ အထင်အရှားပါပဲ။ မနက်ဖြန်မှာတော့ ကျွန်တော်တို့တွေ အနားယူပြီး အရမ်းခက်ခဲမယ့် ဘုန်းမောက်နဲ့ပွဲစဉ်ဆီ အပြည့်အဝအာရုံစိုက်ထားရပါမယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပြန်စတင်ဖို့ မျှော်လင့်နေခဲ့သူတစ်ဦးပါ။

သောကြာနေ့၊ အိမ်ကွင်းမှာ ကိုယ့်အသင်းပရိသတ်တွေနဲ့အတူ ကစားသွားရပါမယ်။ ဖြစ်ပျက်လာမယ့်အရာအားလုံးက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီပွဲစဉ်ကို ကျွန်တော် စောင့်မျှော်နေပါတယ်”လို့ ပြောပါတယ်။