The network connection is lost.

Banner Image

ဂျိုတာရဲ့နာရေးသတင်းကြောင့် ကန်ဆယ်လို၊ နီဗက်စ်တို့အတွက် ခက်ခဲလာခဲ့ပြီလို့ ဆိုလိုက်တဲ့ အင်ဇာဂီ

လက်ရွေးစင်အသင်းဖော်ဂျိုတာရဲ့ နာရေးသတင်းကြားသိရပြီးနောက် ဖလူမီးနိစ်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်သွားဖို့ ရူဘင်နီဗက်စ်၊ ဂျော်အိုကန်ဆယ်လိုတို့ အခက်တွေ့လာခဲ့ပြီလို့ အယ်လ်ဟီလယ်နည်းပြဆီမြွန်နီအင်ဇာဂီက ဝန်ခံပြောကြားခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ်၊ လီဗာပူးတိုက်စစ်မှူးဂျိုတာက ယမန်နေ့မွန်းလွဲပိုင်း၊ စပိန်နိုင်ငံမြောက်ပိုင်းရဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုအတွင်း သူ့ရဲ့မွေးချင်းညီအစ်ကို အန်ဒရေဆေးလ်ဗားနဲ့အတူ ကွယ်လွန်အနိစ္စရောက်ရှိသွားပါတယ်။ နီဗက်စ်၊ ကန်ဆယ်လိုတို့နှစ်ဦးလုံးက ဂျိုတာလိုပဲ ပေါ်တူဂီလက်ရွေးစင်ကစားသမားများဖြစ်ကြပြီး သောကြာနေ့၊ အော်လန်ဒိုမှာ ဖလူမီနိစ်နဲ့ရင်ဆိုင်ရမယ့် အယ်လ်ဟီလယ်အသင်းနဲ့အတူ ရှိနေချိန် အခုလိုဝမ်းနည်းဖွယ်သတင်းစကားကို ကြားသိခဲ့ရပါတယ်။ 

ကြာသပတေးနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း အင်ဇာဂီက “ ဂျိုတာနဲ့ အန်ဒရေတို့ ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဝမ်းနည်းစရာအကောင်းဆုံးနေ့ရက်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လုံးဝမဖြစ်လာသင့်တဲ့ကိစ္စပါ။ ဒီအဖြစ်ဆိုးကြီးကို ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ကျွန်တော်တို့မှာ ကွယ်လွန်သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ရူဘင်နီဗက်စ်နဲ့ ကန်ဆယ်လိုဆိုတဲ့ ကစားသမားနှစ်ဦး ရှိပါတယ်။

ကျွန်တော်တို့အားလုံးအတွက် အရမ်းခက်ခဲတဲ့နေ့ရက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး အလုပ်ကို ပုံမှန်အတိုင်းလုပ်ဆောင်ဖို့ ကြိုးစားပေမယ့် ခံစားမှုတွေကွဲပြားခြားနားခဲ့ပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုးကြီးတစ်ခုပါပဲ”လို့ ပြောပါတယ်။ ဆက်လက်ပြီး ကန်ဆယ်လိုကိုယ်တိုင်လည်း အခြားသူတွေနဲ့အတူ ဂျိုတာအတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။

ကန်ဆယ်လိုက “ ဒီနေ့မှာဆိုရင် ကျွန်တော်တို့သာပဲ အသင်းဖော်နှစ်ဦးမရှိဘဲ နေ့သစ်ကို စတင်လာခဲ့ရတာ မဟုတ်ပါဘူး။ ကလေးသုံးဦးလည်း သူတို့ရဲ့ဖခင်မရှိတော့ဘဲ နိုးထလာခဲ့ရပါတယ်။ မိဘနှစ်ဦးလည်း သူတို့ရဲ့သားနှစ်ဦးကိုဆုံးရှုံးလိုက်ပြီးနောက် နေ့သစ်မှာ နိုးထလာရပါတယ်။

ဒီနေ့မှာဆိုရင် ဇနီးသည်တစ်ဦးဟာ သူမရဲ့ဘေးမှာ သူမရဲ့ခင်ပွန်းမရှိတော့ဘဲ နိုးထလာရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့အားလုံး အံ့သြထိတ်လန့်မှုတစ်ခုနဲ့အတူ လန့်နိုးလာပါတယ်”လို့ လူမှုကွန်ရက်မီဒီယာမှတဆင့် မျှဝေခဲ့ပါတယ်။