The network connection is lost.

Banner Image

အသင်းဖော်စတားတစ်ဦးကို အကြံပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ပီဒရီ

ဘာစီလိုနာစတား ပီဒရီက အသင်းဖော် ယာမဲလ်ကို ရီးရဲလ်လိုအသင်းမျိုးအား မကြောက်ရွံ့ဖို့ အကြံပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တီကိုအသင်းနဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲမှာ အရေးပါတဲ့အနိုင်ဂိုးကို ဖန်တီးနိုင်ခဲ့တဲ့ ယာမဲလ်ရဲ့ခြေစွမ်းကို ပီဒရီက ချီးကျူးလိုက်ပါတယ်။

ဖိုင်နယ်မှာ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပီဒရီက မထိတ်လန့်ဖို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ယာမဲလ်ဟာ တီကိုနဲ့ပွဲမှာ ဖာရန်တောရက်စ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီဥရောပထိပ်တန်းလိဂ် ၅ လိဂ်မှာ open play ကနေ ဂိုးဖန်တီးနိုင်ခဲ့တဲ့ကစားသမားတွေထဲ ဆာလက်က ၂၂ ကြိမ်နဲ့ရပ်တည်နေကာ ယာမဲလ်က ၁၇ ကြိမ်အထိရှိလာခဲ့ပါတယ်။ ကိုပါဒယ်ရေးဖိုင်နယ်မှာ ဘာစီလိုနာဟာ ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ယခင်တုန်းကအတိုင်းရင်ဆိုင်ဖို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“နောက်ထပ်ဖိုင်နယ်ကို တက်ရောက်နိုင်လို့ ကျွန်တော်တို့ ပျော်ပါတယ်။ ဆက်ကစားပြီး အနိုင်ကန်ဖို့ ကြိုးစားပါမယ်။ ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေပါတယ်။ ရီးရဲလ်နဲ့ ဖိုင်နယ်နောက်တစ်ကြိမ်ကန်ရမှာပါ။ အဲ့ပွဲက ကျွန်တော်တို့အတွက် မလွယ်ကူနိုင်ပါဘူး။ ကျွန်တော်တို့ ဘယ်အသင်းကိုမှထိတ်လန့်မနေဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ကျွန်တော်တို့က ဘာစီလိုနာပါ။

ပြိုင်ဘက်တိုင်းကို ကျွန်တော်တို့ စိုးမိုးနိုင်ဖို့ ကြိုးစားမှာပါ။ ဒါပေမယ့် အဲ့တာက မလွယ်ပါဘူး။ ယခင်တုန်းကပွဲတွေအတိုင်း ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယာမဲလ်ကို သူအခုစွမ်းဆောင်ရည်အတိုင်း ဆက်ကစားဖို့ ပြောခဲ့ပါတယ်”လို့ ပီဒရီက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ ၊ တီကို နဲ့ ရီးရဲလ်တို့ဟာ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ကြား  ၃ မှတ်သာကွာဟနေပါတယ်။ လာမယ့်စနေနေ့မှာ ဘာစီလိုနာဟာ ဘက်တစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မက်ဒရစ်က ဗလန်စီယာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။