The network connection is lost.

Banner Image

နူးကမ့်ကို ပထမဆုံးအကြိမ် ပြန်လာဖွယ်ရှိနေတဲ့ လီယွန်နယ်မက်ဆီ

အင်တာမီယာမီစတား မက်ဆီတစ်ယောက် နူးကမ့်ကို ပထမဆုံးအကြိမ် ပြန်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ အိမ်ကွင်းမှာ အဆင်မြှင့်တင်မှုတွေလုပ်ဆောင်နေပြီး ၂၀၂၄ ဒီဇင်ဘာမှ ပြီးဆုံးမှာဖြစ်ပါတယ်။ အင်တာမီယာမီဘက်ကတော့ အမေရိကဘောလုံးရာသီပြီးဆုံးချိန်မှာ မက်ဆီရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ ခြေစမ်းပွဲကန်ဖို့ ပြင်ဆင်နေပါတယ်။

မက်ဆီ၊ ဘက်စ်ကွက်၊ အယ်လ်ဘာနဲ့ ဆွာရက်ဇ်တို့ အင်တာမီယာမီအသင်းထံ ပြောင်းပြီးကတည်းက အင်တာမိုင်ယာမီ နဲ့ ဘာစီလိုနာတို့ကြား ပွဲမရှိသေးတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေကြပါတယ်။

အင်တာမီယာမီဥက္ကဌ ဇာဗီယာကတော့ “အဲ့တာက ချိန်သားကိုက်မှုအပေါ်မူတည်ပါတယ်။ ၂၀၂၀ တုန်းက ပြင်ဆင်ခဲ့ပါတယ်။ လိဂ်ဖလားကစားပြီးကတည်းက ကျွန်တော်တို့ ခြေစမ်းပွဲကန်ဖို့ ဖြစ်နိုင်ချေမရှိတော့တာပါ။ ဇန်နဝါရီ ဒါမှမဟုတ် ဒီဇင်ဘာမှာ ကျွန်တော်တို့ အဆင်ပြေနိုင်မလားဆိုတာ မသိသေးပါဘူး။ ဘယ်အချိန်လဲဆိုတာက ပွဲစဉ်ဇယားအပေါ်မူတည်ပါတယ်။ နောက်ကျ ကျွန်တော်တို့ အဲ့အကြောင်း စကားပြောမှာပါ”လို့ ဇာဗီယာက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအတွက် ၇၇၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့ကာ လာလီဂါချန်ပီယံဆု ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၂၁ တုန်းက ပီအက်စ်ဂျီထံပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အကြာမှာ အင်တာမိုင်ယာမီထံ ပြောင်းရွှေ့ခဲ့ပါတယ်။