
မန်စီးတီးစတားကို အငှားနဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ အဲဗာတန်
အဲဗာတန်အသင်းဟာ မန်စီးတီးကွင်းလယ်လူ ဂျက်ဂရီးလစ်ချ်ရဲ့တစ်ပတ်လုပ်ခပေါင် ၃ သိန်းပေးချေဖို့ စဉ်းစားခဲ့ပြီးနောက် အငှားနဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ အဲဗာတန်ဟာ စီတီးတောင်းဆိုမှုတွေကို မစဉ်းစားရသေးပဲ လက်ရှိမှာကစားသမားရဲ့လုပ်ခလစာကိုသာ ပေးချေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
နွေရာသီတစ်လျှောက်ဆွေးနွေးမှုတွေဆက်လုပ်နေတာဖြစ်ပြီး မကြာခင်အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
မိုယက်စ်ကတော့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး အယ်လ်ကာရက်ဇ် နဲ့ ဘယ်ရီတို့ကို အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂရီးလစ်ချ်ဟာ မန်ချက်စတာမှာ လူပိုသဘောမျိုးဖြစ်နေပြီး အဲဗာတန်မှာတော့ နေရာရနိုင်တာဖြစ်ပါတယ်။ လာမယ့်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် ဂရီးလစ်ချ်တစ်ယောက် ပုံမှန်ပွဲထွက်ခွင့်လိုချင်နေပါတယ်။
ဂျာမန်သားဟာ ကစားသမားရဲ့အမာခံပရိသတ်ဖြစ်သလို ကစားခွင့်သိပ်မရပေမယ့် နိုဝင်ဘာတုန်းက အင်္ဂလန်အသင်းလူစာရင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ပါဝင်လာခဲ့ပါတယ်။
အဲဗာတန်အနေနဲ့ ဂရီးလစ်ချ်ရဲ့လုပ်ခလစာသက်သာခဲ့ရင်တောင် ဗီလာစတားဟောင်းကိုခေါ်ယူတာက အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်လာနိုင်ဖို့ ခဲယဉ်းဖွယ်ရှိနေပါတယ်။
မိုယက်စ်က အင်္ဂလန်သားရဲ့အရည်အချင်းကို လေးစားပေမယ့် တော်တော်များများအသင်းတွေက ကစားသမားရဲ့လုပ်ခလစာကြောင့် တွန့်ဆုတ်နေကြပါတယ်။ အဲဗာတန်ပရိသတ်တွေကတော့ ဂရီးလစ်ချ်ရဲ့ယခင်ပုံစံအမှန်ကို ပြန်လည်မြင်တွေ့ချင်နေကြပါတယ်။