The network connection is lost.

Banner Image

အစ်ဆွစ်ခ်ျကိုသရေကျပြီးနောက် အသင်းရဲ့ပရိသတ်တွေကို အပြစ်တင်လာတဲ့ မာရက်စ်ကာ

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်ဆွစ်ခ်ျကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့ပရိသတ်တွေကို အပြစ်တင်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ အစ်ဆွစ်ခ်ျရဲ့ဦးဆောင်ခြင်းကိုခံခဲ့ရပြီး ၂ ဂိုးပြတ်အနေအထားကနေ နောက်ကလိုက်ကစားခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ရုန်းကန်နေတဲ့ချဲလ်ဆီးအတွက် ယခုသရေပွဲဟာ အတော်လေး အခက်တွေ့စေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ မာရက်စ်ကာက အသင်းရဲ့ပရိသတ်တွေဟာ ကစားသမားတွေအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုကို မဖန်တီးပေးနိုင်ခဲ့ကြောင်း အပြစ်တင်ပြောကြားလာခဲ့ပါတယ်။ အီတလီသားနည်းပြက "ကျွန်တော်တို့ ဂိုးအရင်ခွင့်ပြုခဲ့ရလို့ ယုံကြည်မှုဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဖြစ်တာ ပတ်ဝန်းကျင်ကြောင့်ပါ"

"ကျွန်တော်တို့ ပရိသတ်တွေကိုလိုအပ်ပါတယ်။ ကျွန်တော်အမြဲတမ်းပြောနေကျပါ။ ကျွန်တော်တို့က ပရိသတ်တွေနဲ့ဆိုရင် ပိုပြီးတော့ သန်မာပါတယ်။ ကျွန်တော်တို့ကိုအခုထက်ပိုပြီးအားပေးဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုသရေပွဲကြောင့် ချဲလ်ဆီးဟာ နိုင်ပွဲကိုယ်စီရခဲ့တဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီးတို့နောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့ကျဆင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ လာမယ့် ကြားရက်မှာတော့ မာရက်စ်ကာရဲ့အသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဝါဆောနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၀-၃ နဲ့အနိုင်ရထားတာကြောင့်  ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။