စာချုပ် အချက်အလက်အသစ်တွေကို သဘောတူပြီးနောက် လအနည်းငယ်အတွင်း ယူနိုက်တက်နှင့် စာချုပ်သစ် ချုပ်ဆိုမယ့် ကိုဘီမိုင်နိုး
ယူနိုက်တက်အသင်းဟာ ဒီရာသီအစောပိုင်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ဖျက်သိမ်းပြီး တစ်ပတ်လုပ်ခ ပေါင် ၆၀၀၀၀ အထိ တိုးပေးကာ စာချုပ်ထပ်မံ ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် မိုင်နူးဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ထားတာဖြစ်ပြီး ယူနိုက်တက်ဟာ အပို ၁ နှစ် ရွေးချယ်ခွင့်လည်း ရှိနေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် သဘောတူညီချက်အသစ်အရ သူ့ရဲ့တစ်ပတ်လုပ်ခက ၂၀၀၀၀ အထိ မြှင့်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ခြေစွမ်းပြသနေတဲ့ ဆယ်ကျော်သက်လူငယ်လေးနဲ့ပတ်သက်ပြီး စီစဉ်ထားတာဖြစ်ရှိနေတာဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာ စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ရှိခဲ့ပြီး လူငယ်ကစားသမားလေးဟာ ယူနိုက်တက်မှာ ဇွန်လ ၂၀၃၀ အထိ ရှိနေမှာဖြစ်ပါတယ်။ စာချုပ်သစ်မှာ များပြားတဲ့ငွေကြေးကို တိုးပေးမှာဖြစ်ပြီး ရာသီကုန်မှာ လက်ရှိရရှိနေတဲ့ လစာရဲ့ ၃ ဆကို ရရှိသွားဖို့ရှိနေတာဖြစ်ပါတယ်။
ကိုဘီမိုင်နိုးဟာ မကြာသေးမီကမှ ယူနိုက်တက်ရဲ့ စီနီယာကစားသမားတွေ အသုံးပြုတဲ့ အ၀တ်လဲခန်းကို အသုံးပြုခွင့်ရရှိထားတာဖြစ်ပါတယ်။ ကမ်ပိန်းအများစုအတွက် တက်သစ်စလူငယ်တွေဟာ ယူ ၂၁ ကစားသမားတွေနဲ့အတူ အသုံးပြုရတာဖြစ်ပါတယ်။ အသင်းကနေ ထွက်ခွာသွားတဲ့ ဆန်ချို၊ ဗန်ဒီဘိခ်၊ ပယ်လစ္စထရီကဲ့သို့ ကစးသမားတွေကြောင့် နေရာလွတ်တွေရှိခဲ့တာလည်းဖြစ်ပါတယ်။
ကိုဘီမိုင်နိုးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ချာလ်တန်နှင့်ပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာကတည်းက ကိုဘီမိုင်နိုးဟာ ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လူငယ်လက်ရွေးစင်ကစားသမားဟာ အခုအချိန်အထိ ယူနိုက်တက် အတွက် စီနီယာပွဲထွက်ခွင့် ၂၂ ပွဲ ရရှိထားတာဖြစ်ပါတယ်။ စနေနေ့က အိုးထရက်ဖို့ဒ်တွင် အဲဗာတန်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ မိုင်နူးက ပါဝင်ကစားပေးခဲ့ပါတယ်။
ဖာနန်ဒက်စ်က ပွဲချိန် ၁၂ မိနစ်မှာ ဂါနာချိုကြောင့် ရရှိခဲ့တဲ့ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ဂါနာချိုကြောင့်ပဲ ဒုတိယအကြိမ်မြောက်ရရှိခဲ့တဲ့ ပင်နယ်တီကို ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့ပါတယ်။