The network connection is lost.

Banner Image

ချဲလ်ဆီးမှာ အထိုင်ကျဖို့အချိန်ယူရဦးမယ်လို့ ထင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာတဲ့ ဝီလီယံ

ချဲလ်ဆီးစတားအသစ် အက်စ်တီဗိုဝီလီယံက သူ့အနေနဲ့ အသင်းသစ်မှာအထိုင်ကျဖို့ အချိန်ယူရဦးမယ်လို့ ထင်ခဲ့မိကြောင်း ဝန်ခံပြောကြားလိုက်ပေမယ့် အင်္ဂလန်မြေက သူ့ဘဝကို ကျေနပ်နေပါတယ်။ ဘရာဇီးသားဟာ အသက် ၁၈ နှစ်ပြည့်ချိန်မှာ ပါးလ်မီးရက်စ်အသင်းထံကနေ ချဲလ်ဆီးထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ချဲလ်ဆီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ခွင့်ရခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အက်စ်တီဗိုကို မိခင်မြေမှာ မက်ဆင်ဟိုအဖြစ် လူသိများပြီး ပရီးမီးယားလိဂ်မြေမှာ အလျင်အမြန်အထိုင်ကျခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ ချဲလ်ဆီးအတွက် အသက်အငယ်ဆုံးဂိုးဖန်တီးနိုင်သူဖြစ်လာခဲ့သလို ဘရာဇီးအသင်းအတွက် စီနီယာကစားသမားဘ၀ ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ကာ လာမယ့် ချီလီနဲ့ပွဲမှာ ဂိုးပေါက်ထပ်တွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။

“အဲ့တာက အလျင်အမြန်ဖြစ်လာခဲ့တာပါ။ ကျွန်တော် အခွင့်အရေးအများကြီးရခဲ့ပြီးပါပြီ။ ချဲလ်ဆီးမှာ ကျွန်တော်ထင်ထားတာထက် အလျင်အမြန်အထိုင်ကျခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော် အလုပ်ကြိုးစားခဲ့တာကြောင့်လို့ ထင်ပါတယ်။ မာရက်စ်ကာကလည်း ကျွန်တော့်ကစားဟန်အပေါ် ယုံကြည်မှုအများကြီးရှိပါတယ်။ လိဂ်အသစ် ၊ နိုင်ငံအသစ်ကိုရောက်လာတာတောင် ကျွန်တော် အကောင်းဆုံးကစားပေးနိုင်ခဲ့ပါတယ်။

ဒီအထိုင်ကျမှုက တကယ့်အံ့ဖွယ်ပါ။ ကျွန်တော်အထိုင်ကျဖို့ အချိန်တစ်ခုလောက်စောင့်ရဦးမယ်ထင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရာသီဥတုအပြင် ဘာသာစကားအခက်အခဲကြောင့်ပါ။ ဒါပေမယ့် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါ။ အဲ့တာက အလျင်အမြန်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ဘာသာစကားလည်းအဆင်ပြေလာခဲ့ပါပြီ။ ၃ ပတ်အတွင်းမှာ ရာသီဥတုအခြေအနေကလည်း အများကြီးအကူအညီဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းမအေးသလို ၉ နာရီလောက်ဆိုမှောင်လာပါပြီ။

အဲ့တာက ကျွန်တော့်အတွက် အရေးပါခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆို ကျွန်တော်တော်လေးကောင်းနေပြီဖြစ်သလို ဒီမှာအဆင်ပြေနေပါပြီ။ကျွန်တော် ချဲလ်ဆီးပရိသတ်တွေဆီကနေ အက်စ်တီဗိုဆိုတဲ့သီချင်းအနည်းငယ်ပဲကြားရပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော့်အတွက် အကျိုးသက်ရောက်စေပါတယ်။ ဒီကိုရောက်ကတည်းက ကျွန်တော်အိမ်လိုခံစားရပါတယ်။ ချဲလ်ဆီးမှာ တိုးတက်လာသလို ကျွန်တော် အခွင့်အရေးကိုအသုံးချပြီး အကျိုးရှိအောင်လုပ်ဆောင်သွားမှာပါ။ ကျွန်တော် ချဲလ်ဆီးကိုချစ်သလို လန်ဒန်ကိုလည်း ချစ်ပါတယ်။ အဲ့လောက်ကောင်းမယ်လို့ ကျွန်တော်မထင်ပါဘူး။ အခုချိန်က ကျွန်တော့်ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်ပါပဲ”လို့ အက်စ်တီဗိုက ဖြေကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာသီသစ်ကို ရှုံးပွဲမရှိပဲ စတင်ထားနိုင်ခဲ့ကာ လာမယ့်စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ကန်ရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။