
နည်းပြဟောင်းကို ချီးကျူးစကားဆိုလိုက်တဲ့ ရိုးမားစတား
ရိုးမားစတား မန်ချီနီက နည်းပြဟောင်း မော်ရင်ဟိုဟာ သားရဲတစ်ကောင်လို့ ချီးကျူးပြောကြားလိုက်သလို အသင်းထံ အောင်ပွဲဝင်စိတ်ဓာတ်ယူဆောင်လာနိုင်ခဲ့လို့ မှတ်ချက်ပြုလိုက်ပါတယ်။ မန်ချီနီက မော်ရင်ဟိုဟာ သူအပါအဝင် အသင်းထံအများကြီးအကျိုးပြု နိုင်ခဲ့တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားနည်းပြဟာ အသင်းထံ ဆာလောင်မှု နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေယူဆောင်လာပေးနိုင်ခဲ့သလို သားရဲတစ်ကောင်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။
မော်ရင်ဟိုဟာ ၂၀၂၁ - ၂၂ ရာသီတုန်းက ရိုးမားအသင်းနည်းပြဖြစ်လာခဲ့တာဖြစ်ပြီး အသင်းကို ကွန်းဖရန့်လိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုးမားအသင်းမှာ နောက်ထပ် ၁၈ လသာကြာခဲ့ပြီး ရလဒ်တွေဆိုးဝါးလာခဲ့တာကြောင့် ၂၀၂၄ ဇန်နဝါရီမှာ လမ်းခွဲခဲ့ကြပါတယ်။ ဒယ်လိုစပေါ့တ်နဲ့အင်တာဗျူးမှာ မန်ချီနီက “ကျွန်တော့်ကစားသမားဘဝအတွက် မော်ရင်ဟိုကဘာလဲဆိုရင် သားရဲတစ်ကောင် အသင်းထံရောက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မှန်ပါတယ်။ သူက ကျွန်တော့်သမိုင်းကိုပြောင်းလဲပေးခဲ့ပါတယ်။ အသင်းကိုလည်း အတူတူပါပဲ။ ဂျို့စ်က ကျွန်တော်တို့ကို တိုက်ပွဲဝင်စိတ်ဓာတ် ၊ ဆာလောင်မှုတွေယူဆောင်လာပေးခဲ့ပါတယ်။ ကွင်းထဲမှာ ကျွန်တော်က သူ့ရဲ့ဦးဆောင်သူဖြစ်ခဲ့သလို တစ်ချို့အချိန်တွေမှာ ကျွန်တော်ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်ခဲ့တာအပြင် သူက ကျွန်တော်တို့ကို ပိုဦးဆောင်ခဲ့တယ်လို့ ခံစားရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။
ရိုးမားအသင်းဟာ လာမယ့်ရာသီသစ်ကို နည်းပြ ဂတ်စ်ပါရီနီနဲ့ ဖြတ်သန်းမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဥရောပဝင်ခွင့်ရအောင်ယူဖို့ ပစ်မှတ်ထားနေပြီး လာမယ့်သြဂုတ်လ ၂၃ ရက်နေ့မှာ စီးရီးအေအဖွင့်ပွဲအဖြစ် ဘိုလော့ဂ်နာအသင်းနဲ့စတင်ကစားရမှာဖြစ်ပါတယ်။