The network connection is lost.

Banner Image

ဇာတိဖြစ်တဲ့ ပေါ်တူဂီသို့ ပြန်ချင်နေတဲ့ ဂျာအိုဖီးလစ်

ချဲလ်ဆီးတွင် အဆင်မပြေခဲ့ပြီး အေစီမီလန်တွင် အငှားကစားစဉ် ရုန်းကန်ခဲ့ရပြီးနောက် ဂျာအို ဖီးလစ်ဟာ ဇာတိမြေသို့ ပြန်ပြီး ဘင်ဖီကာနှင့် ပူးပေါင်းရန် ရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်တွင် အက်သလက်တီကို မက်ဒရစ်သို့ ယူရို ၁၂၆ သန်း (ပေါင် ၁၀၉ သန်း ၊ ဒေါ်လာ ၁၄၈ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ခက်ခဲသောအချိန်များကို ရင်ဆိုင်ခဲ့ရပါတယ်။ ထိုအချိန်က သူ့ကို အလားအလာအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့သော်လည်း စပိန်မြို့တော်တွင် မျှော်မှန်းချက်များအတိုင်း ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပါတယ်။

ဖီးလစ်ဟာ ၂၀၂၂-၂၃ ရာသီရဲ့ ရာသီဝက်တွင် ချဲလ်ဆီး၌ ကစားခဲ့ပြီးနောက် နောက်ရာသီတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အပြီးသတ်စာချုပ်များ မချုပ်ဆိုခဲ့သော်လည်း စတန်းဖို့ဒ်ဘရစ်ခ်ျမှ ပရီးမီးယားလိဂ်အသင်းက ၂၀၂၄ ခုနှစ်တွင် ထပ်မံခေါ်ယူရန် စိတ်ဝင်စားခဲ့ပါတယ်။

ဖီးလစ်ဟာ အနောက်လန်ဒန်တွင် စာချုပ်သက်တမ်း ခြောက်နှစ် ကျန်ရှိနေသေးသော်လည်း ပွဲပေါင်း ၂၀ သာ ကစားရပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းတွင် အပိုကစားသမား ဖြစ်လာပုံရပြီး ပြီးခဲ့တဲ့ရာသီကို ကိုင်လီ ဝေါ်ကာ ၊ ခရစ်တီယန် ပူလီဆစ် တို့နှင့်အတူ အေစီမီလန်တွင် အငှားသွားရောက် ကစားရပါတယ်။ အေစီမီလန်ဟာ အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းမှာမဟုတ်သော်လည်း ဖီးလစ်က သူဟာ ဇာတိမြေသို့ ပြန်သွားနိုင်ကြောင်း  Correio da Manha သို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အိမ်ပြန်ချင်ပါတယ်၊ ကျွန်တော့်အိမ်က ဘင်ဖီကာပဲ။ ကျွန်တော် အိမ်ပြန်ဖို့ လိုပါတယ်။ ဘင်ဖီကာက ကျွန်တော့်အကြိုက်ဆုံးကလပ်ပါ" "ကျွန်တော် သိတဲ့ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝအတွက် အရေးပါခဲ့တဲ့ ဘရူနို လိတ်ဂျ်ဟာ နည်းပြ ဖြစ်နေတဲ့အတွက် ဒါက ကျွန်တော့်ဆုံးဖြတ်ချက်ကို ပိုပြီး အားဖြည့်သလိုဖြစ်နေပါတယ်။ ဘင်ဖီကာကို ပြန်ရတာ အရမ်းပျော်မိမှာပါ။ ပြီးတော့ အဲဒါက ကျွန်တော် အလိုလားဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော် အိမ်မှာ ရှိနေဖို့ လိုတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဘင်ဖီကာက ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ အကြံဉာဏ်တွေထဲက တစ်ခုပါပဲ" လို့ ကစားသမားက ပြောပါတယ်။

ဖီးလစ်ဟာ ပေါ်တူဂီလက်ရွေးစင် အသင်းဖော် ဒီယိုဂို ဂျိုတာ ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့တဲ့ နောက်ဆက်တွဲအနေဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ယခုအခါ မိသားစုနှင့် ပိုမိုနီးစပ်လိုပြီး ပရော်ဖက်ရှင်နယ်နှင့် ပုဂ္ဂိုလ်ရေးဘဝတွင် တည်ငြိမ်မှုနှင့် ပျော်ရွှင်မှုကို ရှာဖွေရန် နောက်ထပ်အပြောင်းအရွှေ့တစ်ခု လိုအပ်နေပါတယ်။