The network connection is lost.

Banner Image

ဂရာဗန်ဘက်ချ်အား ပရီးမီးယားလိဂ်ဂန္တဝင်တစ်ဦးနှင့် နှိုင်းယှဉ်ပြောဆိုလိုက်တဲ့ ကာရေဂါ

ကာရေဂါဟာ လီဗာပူးရဲ့ တော့တင်ဟမ်နှင့် ရင်ဆိုင်မယ့် ကာရာဘောင်းဖလားပွဲမတိုင်မီ ဂရာဗန်ဘက်ချ် ကို ပရီးမီးယားလိဂ်ဂန္တဝင်တစ်ဦးနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် တော့တင်ဟမ်နှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့တွင် ၁-၀ ဂိုးဖြင့်ရှုံးနိမ့်နေသော်လည်း ဝင်ဘာလေတွင် နယူးကာဆယ်နှင် ဗိုလ်လုပွဲကစားဖို့အတွက် အနိုင်ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ဂရာဗန်ဘက်ချ်ဟာ ကွင်းလယ်ကနေ ပွဲထွက်ခဲ့ပြီး ဗိုလ်လုပွဲသို့ ရောက်ရှိရန် ဂိုးမပေးရရေး အရေးကြီးသည့် နောက်တန်းလေးဦးရဲ့ ရှေ့က သူ့ရဲ့ ပုံမှန် နံပါတ် ၆ နေရာတွင် ပါဝင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂရာဗန်ဘက်ချ်ဟာ လက်ရှိရာသီ သူ့ရဲ့ကစားပုံများကြောင့် အများရဲ့ချီးကျူးခံခဲ့ရပြီး ကာရေဂါ က Sky Sports ရဲ့ ဆီမီးဖိုင်နယ်ပွဲအစီအစဉ်တွင် သူ့ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ နွေရာသီတွင် လီဗာပူးဟာ ဇူဘီမန်ဒီ ကို ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း စပိန်ကစားသမားက အန်ဖီးလ် သို့ ပြောင်းရွှေ့ရန် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ လီဗာပူးဟာ အခြားရွေးချယ်စရာများကို မရှာဖွေခဲ့ဘဲ ဂရာဗန်ဘက်ချ်ကို နောက်သို့ ဆင်းကစားစေခဲ့ပါတယ်။

သူ့ရဲ့ ကစားပုံတွေက အလွန်အထင်ကြီးစရာကောင်းလှတာကြောင့် ကာရေဂါက ပွဲမတိုင်မီ ကွင်းလယ်ကစားသမားနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အထင်ကရ ကွင်းလယ်ကစားသမားတစ်ဦးနှင့် နှိုင်းယှဉ်ခဲ့ပါတယ်။

"သူရောက်လာတဲ့အချိန်မှာ အများကြီး စိတ်ဝင်စားခဲ့ကြပါတယ်" လို့ ကာရေဂါ က စတင်ပြောဆိုခဲ့ပါတယ်။ "ဘိုင်ယန်မြူးနစ်က သူ့ကို လွှတ်လိုက်တဲ့ အကြောင်းရင်းက သူတို့က မတူညီတဲ့ ကစားကွက်ကို ကစားခဲ့လို့ပါ။ လီဗာပူး က ၄-၃-၃ ကစားကွက်ကို ကစားခဲ့ပါတယ်။ သူက ကွင်းလယ်တိုက်စစ်မှူးတစ်ယောက်လို ပိုဖြစ်ခဲ့ပြီး သူ့ရဲ့ ရှည်လျားတဲ့ ခြေထောက်တွေနဲ့ ပြေးခဲ့တာပါ"

"လီဗာပူးက ကွင်လယ် နံပါတ် ၆ နေရာမှာ ကစားသမားတွေကို စမ်းသပ်ကြည့်တဲ့အခါ သူတို့က ဂရာဗန်ဘက်ချ်ကို စမ်းသပ်ခဲ့ကြပါတယ်။ သူတို့က ဒီအကြံအစည်ကို သေချာမသိခဲ့ပါဘူး။ သူက တိုက်စစ် ပိုဆန်နေခဲ့ပါတယ်။ ကျွန်တော် အရမ်းစိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ဒါက ဘယ်လိုအလုပ်ဖြစ်မလဲဆိုတာ မမြင်ခဲ့မိပါဘူး"
"သူ့ကို ချီးကျူးရမှာကတော့ တစ်နှစ်တာရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ပြိုင်ပွဲဝင်နိုင်ခဲ့လိုပါ၊ သူက ဗီအဲရာ ကို သတိရစေပါတယ်။ ရှည်လျားတဲ့ ခြေထောက်တွေ၊ ကွင်းလယ်ကနေ ရွေ့လျားပုံတွေပေါ့။ သူက တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ" လို့ ပြောပါတယ်။

ဂရာဗန်ဘက်ချ်ဟာ လီဗာပူး သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် စုစုပေါင်း ပွဲ ၇၀ ကစားခဲ့ပြီး ကလော့ပ် လက်အောက်တွင် နေရာရရှိရန် ရုန်းကန်ခဲ့ရပြီးနောက် လက်ရှိရာသီတွင် ၃၁ ပွဲ ကစားထားပါတယ်။ သူဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းရွေးချယ်မှုများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး လီဗာပူးဟာ ဈေးကွက်ထဲ သို့ဆက်ဝင် မဝင်ဆိုတာကို လူအများက စဉ်းစားနေကြပါတယ်။

ဗီအဲရာကတော့ အာဆင်နယ် နှင့်ပရီးမီးယားလိဂ် ချန်ပီယံဆု ၃ ကြိမ်ရရှိခဲ့ပြီး ၂၀၀၃-၀၄ ရာသီတွင် အံ့ဩဖွယ်ကောင်းတဲ့အသင်းရဲ့ ကပ္ပတိန်အဖြစ် ကစားခဲ့ပါတယ်။ ရပ်နက်ကလည်း Sky ရဲ့ အစီအစဉ်တွင် ဂရာဗန်ဘက်ချ် အား ချီးကျူးပြောဆိုခဲ့ပါတယ်။ "ဒါက တကယ့်ကို ထူးချွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ ဇူဘီမန်ဒီကို ရခဲ့ရင် ပုံစံတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဒီရာသီမှာ သူက ကွင်းလယ်မှာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ"

"သူ့ရဲ့ လှည့်ပုံက ထူးခြားတဲ့ လက္ခဏာတစ်ခုဖြစ်လာပါတယ်။ သူက အရမ်းအားကောင်းပါတယ်။ သူက ဘာမဆိုလုပ်နိုင်ပြီး ကွင်းထဲမှာလည်း ဖြတ်သန်းကစားနိုင်ပါတယ်"
"သူက အားစိုက်မထုတ်ဘဲ ပြိုင်ဘက်ကိုကျော်အောင် ပြေးနိုင်ပါတယ်။ ဒါကို နည်းပြက ချီးကျူးသင့်ပါတယ်။ စလော့က သူ့ကို ယုံကြည်ခဲ့တာပါ အဲဒီနေရာမှာ လီဗာပူး က ပိုကောင်းလာပါတယ်" လို့ ပြောခဲ့ပါတယ်။