The network connection is lost.

Banner Image

ငယ်ချစ်ဦးနဲ့အတူ တောက်ပလွန်းတဲ့ ဘဝနေထိုင်မှုပုံစံကို ဖန်တီးထားတဲ့ ယူနိုက်တက်ကြယ်ပွင့်သစ်ဆက်စ်ကို

အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို ဆက်စ်ကိုက မန်ချက်စတာယူနိုက်တက်ကစားသမားဘဝပွဲဦးထွက်အဖြစ် လူစားဝင်ပါဝင်ကစားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ရှုံးပွဲအတွင်း ပေါင် ၇၄ သန်းတန်တိုက်စစ်မှူးက အသင်းအတွက် အကျိုးသက်ရောက်မှု အနည်းငယ်ကိုသာ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆက်စ်ကိုက ကွင်းပြင်ပမှာတော့ တောက်ပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အံ့အားသင့်ဖွယ်ဘဝနေထိုင်မှုပုံစံကို ဖန်တီးထားပါတယ်။ အသက်-၂၂ နှစ်အရွယ် ဆလိုဗေးနီးယားသားက ဆဲလ်ဘတ်၊ လိုက်ပ်ဇစ်တို့မှာ ကစားသမားဘ၀ ကျင်လည်ပြီးနောက် သရဲနီတွေဆီ ရောက်ရှိလာပါတယ်။ အခုလို ဆက်စ်ကိုရဲ့ဘောလုံးသမားဘဝခရီးလမ်းတလျှောက် မပြတ်အတူရှိနေပေးခဲ့သူကတော့ အသက်-၂၇ နှစ်အရွယ်မိန်းမချောလေး အန်နီတာဗီဒိုဗစ်ပဲ ဖြစ်ပါတယ်။ သူမကတော့ ဆက်စ်ကိုရဲ့ချစ်သူပါ။

သူတို့နှစ်ဦးက ၂၀၂၂ ခုနှစ်မှာ စတင်လက်တွဲခဲ့ပြီး ဆလိုဗေးနီးယားမြေမှာတော့ ထင်ရှားကျော်ကြားလှတဲ့ ကြယ်ပွင့်စုံတွဲတစ်ခု ဖြစ်ပါတယ်။ အန်နီတာက ဆလိုဗေးနီးယားရဲ့ပြည်သူ့အုပ်ချုပ်ရေးဌာနမှ ဘွဲ့ရပညာတတ်တစ်ဦးပါ။ ဒီနှစ်ပိုင်းတလျှောက်လုံးမှာလည်း သူတို့နှစ်ဦးလုံးက ပျော်ရွှင်စရာချစ်ခရီးလမ်းကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။

အန်နီတာမှာ တစ်ချိန်တုန်းက ဘောလုံးသမားဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော်အစ်ကိုတစ်ဦးလည်း ရှိပါသေးတယ်။ ဘော်ရစ်ဗီဒိုဗစ်က ဂျာမန်နဲ့ ပိုလန်ဘောလုံးလောကတွေရဲ့ အောက်တန်းလိဂ်တွေမှာ ကျင်လည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနှစ်အစောပိုင်း၊ နာမည်ကျော်ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Love Island မှာ ပါဝင်လာပြီးနောက် ဘော်ရစ်ဗီဒိုဗစ်ကို လူသိများလာခဲ့ပါတယ်။

ဆက်စ်ကိုက ယူနိုက်တက်ဆီပြောင်းရွှေ့လာပြီးနောက် သီတင်းတစ်ပတ်လုပ်ခပေါင် ၁၆၀,၀၀၀ ရရှိနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဆက်စ်ကိုကို တက်နိုင်သမျှအမြန်ဆုံး လှပထည်ဝါလှတဲ့ မော်တော်ကားတွေနဲ့အတူ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ ဆက်စ်ကိုက ကာရင်တန်လေ့ကျင်းကွင်းဆီ ရောက်ရှိလာတဲ့ ပထမဆုံးနေ့ရက်မှာ အနီရောင်ရင့်ရင့်ဂျစ်ကားတစ်စီးနဲ့အတူ ပေါ်ထွက်လာလို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ဆက်စ်ကိုရဲ့မော်တော်ကားက မန်ချက်စတာယူနိုက်တက်လေ့ကျင့်ရေးကွင်းအနီးမှာရှိနေတဲ့ အဆင့်မြင့်ဇိမ်ခံမော်တော်ကားတွေအကြားမှာ ထင်ရှားပေါ်လွင်နေခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဆလိုဗေးနီးယားတိုက်စစ်မှူးရဲ့မော်တော်ကားအရောင်ကို စေးထန်းလွန်းတယ်လို့ ပြောဆိုခဲ့ပြီး ဒီထက်ပိုကောင်းတဲ့မော်တော်ကားတွေကို ဆက်စ်ကိုစီးနင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဘောလုံးပွဲစဉ်တွေနဲ့ဝေးကွာနေချိန်မှာဆိုရင် ဆက်စ်ကိုက ဘတ်စကတ်ဘောကစားခြင်းနဲ့ အနားယူခြင်းကို နှစ်သက်ပုံရကြောင်း ပြသခဲ့ပါတယ်။လတ်တလော လူမှုကွန်ရက်မှာလည်း ဆက်စ်ကိုက ဘတ်စကတ်ဘောကစားနေတဲ့ သူ့ရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။  အရပ် ၆ ပေ ၅ လက်မ အမြင့်ရှိနေလို့ တိုက်စစ်မှူးအတွက်  ဘတ်စကတ်ဘောကစားရာမှာ ထူးချွန်ပြောင်မြောက်နေမယ်ဆိုတာ သေချာသလောက်ပါပဲ။

ဒါပေမဲ့ ဆက်စ်ကိုကတော့ သူ့ရဲ့ပရော်ဖက်ရှင်နယ်အလုပ်ပေါ်မှာပဲ သေချာပေါက် အာရုံစိုက်နေပါလိမ့်မယ်။ ဒါ့အပြင် ဆက်စ်ကိုက နေရောင်ခြည်အောက် ခရီးထွက်ခွာရခြင်းကို ကြိုက်နှစ်သက်ပါတယ်။ သူက ဒူဘိုင်းရဲ့အရှေ့အလယ်ပိုင်းယဉ်ကျေးမှုဆန်ဆန် မြင်ကွင်းနဲ့ တေးဂီတသံတွေကြားမှာ နယူးရီးယားကာလတစ်ခုကို ဖြတ်သန်းခဲ့ဖူးပါတယ်။

အလားတူ ဆက်စ်ကိုက ကုန်ခန်းသွားတဲ့အားအင်တွေကို ဖြည့်တင်းနိုင်ရေး ဂရိနိုင်ငံရဲ့လှပတဲ့ပတ်ဝန်းကျင်ဆီ ခရီးထွက်ဖို့ကိစ္စကိုလည်း စိတ်ဝင်စားပါတယ်။အခုလိုခမ်းနားလှတဲ့အနားယူချိန်တွေအပြီးမှာ ဆက်စ်ကိုက ရူဘင်အာမိုရင်လက်အောက် တစ်စုံတစ်ခုကို လုပ်ပြသွားဖို့အတွက် စိတ်အားထက်သန်နေမယ်ဆိုတာ သေချာပါတယ်။