The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကြောင့် စပိန်လက်ရွေးစင်အသင်းလူစာရင်းမှာ မပါဝင်နိုင်မယ့် လမိုင်းယာမယ်လ်

ပေါင်ခြံဒဏ်ရာပြင်းထန်လာပြီးနောက် ဘာစီလိုနာတောင်ပံကစားသမားလမိုင်းယာမယ်လ် ရက်သတ္တပတ် နှစ်ပတ်မှ သုံးပတ်အထိ အနားယူရနိုင်လို့ လာမယ့်သီတင်းပတ်၊ ဂျော်ဂျီယာ၊ ဘူဂေးရီးယားတို့နဲ့ ရင်ဆိုင်ရမယ့် စပိန်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး ဒဏ်ရာပြဿနာကြောင့် လေးပွဲအထိ လွဲချော်ခဲ့တဲ့ အသက်-၁၈ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဆိုစီဒက်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် အရန်ခုံတန်းမှတဆင့် ပါဝင်ကစားပေးခဲ့ပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားပြီးချိန်မှာတော့ ယာမယ်လ်ရဲ့ဒဏ်ရာမီးတောက် နောက်တစ်ကြိမ်တောက်လောင်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “ ပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီး ယာမယ်လ်ရဲ့ပေါင်ခြံပြဿနာ ပြန်ရောက်ရှိလာခဲ့ပါတယ်။
ကစားသမားက ဆီဗီလာနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပြီး အချိန်ကာလအားဖြင့် ရက်သတ္တပတ် နှစ်ပတ်မှ သုံးပတ်အထိ အနားယူရနိုင်ပါတယ်”လို့ ဖော်ပြထားပါတယ်။