The network connection is lost.

Banner Image

မာဆေးလ်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ထုတ်ဖော်ပြောကြားလာတဲ့ ရီးရဲလ်စတား

ရီးရဲလ်စတား အမ်ဘာပေက သူ့အနေနဲ့ မာဆေးလ်နဲ့ရင်ဆိုင်တိုင်းမှာ ဂိုးအများကြီးသွင်းယူနိုင်ခဲ့ကြောင်း ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။ ဘာပေဟာ သူ့ရဲ့ပြင်သစ်မြေကကလပ်ဖြစ်တဲ့ မာဆေးလ်အသင်းကို ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပါတယ်။

ပြင်သစ်သားဟာ သူ့ကစားသမားဘ၀ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ စောင့်ဆိုင်းနေဆဲဖြစ်ကာ ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ဆုကို မနှစ်ကရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ ဒီရာသီမှာအဆိုပါဆုဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဘာပေက တိုက်စစ်ကို ဦးဆောင်ရမှာဖြစ်ပါတယ်။

ရာသီသစ်မှာ ဘာပေဟာ ရီးရဲလ်အတွက် ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ပထမဆုံးချန်ပီယံလိဂ်ပွဲအဖြစ် မာဆေးလ်အသင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘာပေဟာ မာဆေးလ်အသင်းကို မိုနာကို ၊ ပီအက်စ်ဂျီတို့နဲ့အတူ ရင်ဆိုင်ထားကာ ၁၅ ပွဲမှာ ၁၀ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

“ကျွန်တော် မာဆေးလ်အသင်းနဲ့ရင်ဆိုင်ထားရာမှာ ဂိုးအများကြီးသွင်းယူထားနိုင်ခဲ့ပါတယ်။ သူတို့ပရောဂျက်အသစ်နဲ့ အများကြီးပြောင်းလဲထားနိုင်ခဲ့ပါတယ်။ဘန်နာတီယာက ကျွန်တော်နဲ့သူငယ်ချင်းပါ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ပြင်သစ်အသင်းနဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရမှာက တကယ်ကောင်းပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာကစားရမှာပါ။ အဲ့တာက ကောင်းပါတယ်။ သူတို့ချန်ပီယံလိဂ်မှာ အချိန်အတော်ကြာကစားခဲ့တာပါ။ သူတို့နဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရမှာက တကယ်ကောင်းပါတယ်။ အဲ့တာက အမှတ်တရတွေကို ပြန်သတိရစေပါတယ်”လို့ ဘာပေက ဖြေကြားခဲ့ပါတယ်။

ဘာပေကတော့ မာဆေးလ်အသင်းနဲ့ပွဲကို အာရုံစိုက်နေပြီး ပြီးခဲ့တဲ့လာလီဂါပွဲမှာ ဆိုစီဒက်ကို ၁၀ ယောက်တည်းနဲ့ ၂-၁ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ်ပွဲအပြီးမှာ ရီးရဲလ်အသင်းဟာ အက်စ်ပန်ညိုအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။