
မာတီနယ်လီအသင့်ဖြစ်နေပြီဆိုတာကို သူ့မျက်လုံးထဲမြင်ခဲ့ရကြောင်း အာတီတာ အခိုင်အမာဆို
အာဆင်နယ်နည်းပြ အာတီတာက ဘီလ်ဘာအိုအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ မာတီနယ်လီတစ်ယောက် အရန်ခုံကနေ လူစားဝင်ဖို့အသင့်ဖြစ်နေပြီဆိုတာကို သူ့မျက်လုံးထဲမြင်ခဲ့ရကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးသားကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ပြီး လူစားဝင်ပြီး ၃၆ စက္ကန့်အကြာမှာတင် အာဆင်နယ်အတွက် အနိုင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။
အဲ့နောက် ထရိုဆက်ရဲ့ဒုတိယဂိုးနဲ့အတူ အာဆင်နယ်က ၂-၀ နဲ့အနိုင်ရရှိခဲ့ကာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ ယိုကရက်စ် ၊ အီဇီး ၊ မာဒူကီတို့နဲ့စတင်ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မာတီနယ်လီရဲ့အကျိုးပြုမှုနဲ့ပတ်သက်လို့ အာတီတာက “ကျွန်တော်အရန်ခုံကိုကြည့်လိုက်ချိန်မှာ သူကလည်း ကျွန်တော့်ကိုပြန်ကြည့်ပါတယ်။ မာတီနယ်လီမျက်လုံးထဲမှာ သူအဆင်သင့်ဖြစ်နေပြီဆိုတာကို မြင်လိုက်ရပါတယ်။
လီယိုလည်း အတူတူပါပဲ။ အဲ့တာက ကျွန်တော်တို့အတွက် အနာဂတ်မှာ အများကြီးအကူအညီဖြစ်စေပါတယ်။ ကျွန်တော်တို့ ဘောလုံးရာသီအတွက် အခုလိုမျိုးအခြေအနေတွေ လိုအပ်ပါတယ်။ ပွဲထွက်ကစားသမားတွေထက် အဆုံးသတ်သမားတွေက ပိုအရေးကြီးလာပါပြီ။
ကျွန်တော် အဲ့တာကို သဘောကျပါတယ်။ အားလုံးဆီကနေ ဒီလိုမျိုးအာရုံစိုက်မှု လိုအပ်ပါတယ်။ လူစားလဲခံရတဲ့ကစားသမားက ခက်ခဲတယ်ဆိုတာကို အမြဲတမ်းခက်ခဲပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အတွက် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ လူစားဝင်ပြီးနောက် အမြန်ဆုံးဂိုးသွင်းနိုင်တဲ့ အာဆင်နယ်စတားဖြစ်လာခဲ့ပါတယ်။
ထရိုဆက် နဲ့ မာတီနယ်လီတို့က တစ်ဦးနဲ့တစ်ဦး ဂိုးဖန်တီးနိုင်တဲ့ ဂိုးသွင်းနိုင်တဲ့အတွဲလည်းဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်အပတ်မှာ မန်စီးတီးနဲ့ပွဲကျပ်ကန်ရမှာဖြစ်ပြီး တကယ်လို့ စီးတီးအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ အမှတ်တူအနေအထားရောက်လာမှာဖြစ်ပါတယ်။