The network connection is lost.

Banner Image

ထိပ်တန်းအသင်းကြီးတစ်သင်းကို ငြင်းဆန်ဖွယ်ရှိနေတဲ့ ဘုန်းမောက်စတား

ဘုန်းမောက်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် ပရီးမီးယားလိဂ်မှာဆက်ကန်ဖို့ ရီးရဲလ်အသင်းကို ငြင်းဆန်ဖွယ်ရှိနေပါတယ်။ ဟာဂျယ်ဆန်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ထိပ်တန်းအသင်းတော်တော်များများက နွေရာသီမှာ ခေါ်ယူချင်နေကြပါတယ်။
အသင်းတိုင်းက သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ကို အလွယ်တကူပေးချေနိုင်စွမ်းရှိကြတာဖြစ်ပါတယ်။ 

Relevo သတင်းဌာနရဲ့အဆိုအရ ဘုန်းမောက်စတားကို မက်ဒရစ်အသင်းက စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာ အထိုင်ကျနေတာကြောင့် ဒီမှာဆက်နေချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ နောက်တန်းနေရာအတွက် ဟာဂျယ်ဆန်ကို ပစ်မှတ်ထားနေပြီး လာမယ့်နွေမှာခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အင်္ဂလန်အသင်းတွေကလည်း မျက်စိကျနေတာကြောင့် ရီးရဲလ်အနေနဲ့ အားပြိုင်ရဖွယ်ရှိနေသလို ဘိုင်ယန် နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပါတယ်။ ပီအက်စ်ဂျီအနေနဲ့တော့ ဘဏ္ဍာရေးပိုင်းဆိုင်ရာပြဿနာမရှိတာကြောင့် ဘုန်းမောက်လိုချင်တဲ့တန်ကြေးမျိုးကို အသာလေးပေးချေနိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘက်က ပရီးမီးယားလိဂ်မှာသာ ဆက်နေချင်နေတာကြောင့် ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။

ဘုန်းမောက်နဲ့အနာဂတ်က မသေချာသေးတာကြောင့် လာမယ့်လအနည်းငယ်အတွင်းမှာ ဟာဂျယ်ဆန်ရဲ့အနာဂတ်က ထူးခြားလာဖွယ်ရှိနေပါတယ်။ စပိန်သားကတော့ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ နွေရာသီမှာ ဘုန်းမောက်ကနေထွက်ခွာနိုင်ချေရှိနေတာဖြစ်ပါတယ်။