ပဲရစ်မြေမှာ ပီအက်စ်ဂျီကို တစ်ယောက်လျော့နဲ့အနိုင်ယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်
ပီအက်စ်ဂျီ ၁ - ၂ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)
ဘိုင်ယန်မြူးနစ်အသင်းဟာ ယနေ့ည ပီအက်စ်ဂျီကို အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာတင် ဘိုင်ယန်က ပီအက်စ်ဂျီခံစစ်အမှားတွေကို အကောင်းဆုံးအသုံချကာ ဒီယက်ဇ်ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ယန်အတွက် သူရဲကောင်းဖြစ်နေတဲ့ ဒီယက်ဇ်တစ်ယောက် ဟာကီမီအပေါ် မဖြစ်သင့်တဲ့ ဖျက်ထုတ်မှုမျိုးပြုလုပ်ခဲ့တာကြောင့် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံရပြီး အသင်းကို အခက်ကြုံစေခဲ့ပါတယ်။
ပီအက်စ်ဂျီက ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ဒမ်ဘီလီ၊ ဟာကီမီတို့ကို ဆုံးရှုံးထားရတာကြောင့် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ချေပဂိုးတစ်ဂိုးသာပြန်ရခဲ့ကာ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။