ယူရို ၂၀၂၄ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူငယ်ချင်းတစ်ဦးထံ ဝမ်းနည်းဖွယ်မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဟွိုက်လန်း
ဒိန်းမတ်အသင်းယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက်စတား ဟွိုက်လန်းက မိမိအနေနဲ့ သူငယ်ချင်းတစ်ဦးထံ ဝမ်းနည်းဖွယ်မက်ဆေ့ချ်ပေးပို့ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒေါ့မွန်မြေမှာ ဒိန်းမတ်ဟာ ဂျာမနီအသင်းနဲ့ရင်ဆိုင်ခဲ့ရပြီး ၂-၀ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အတွက် လူကျွံဘောသွင်းဂိုးတစ်ဂိုး ခွင့်မပြုခံရတာကြောင့် နစ်နာခဲ့ရသလို ဂျာမနီက ဒုတိယပိုင်းမှာ ကိုင်ဟာဗက်ဇ် ၊ မူစီယာလာတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်အတွက်တော့ စိတ်ပျက်စရာတွေဖြစ်ခဲ့ပေမယ့် အုပ်စုအဆင့်မှာတော့ အင်္ဂလန်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ဒိန်းမတ်အတွက် သွင်းဂိုးတစ်ဂိုးမသွင်းယူနိုင်ခဲ့သလို သူ့အနေနဲ့ အခုလိုမျိုးထွက်ခွာခဲ့ရပြီးနောက် အပြစ်ရှိသလိုခံစားရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။“အရိုးသားဆုံးပြောရရင် ပထမဆုံးယူရိုမှာ ကျွန်တော်ဘာကိုမျှော်လင့်လဲဆိုတာ မသိပါဘူး။ ဒိန်းမတ်နိုင်ငံသားတစ်ဦးအနေနဲ့ ကျွန်တော်တို့ဒိန်းမတ်အတွက် အမြဲတမ်းအားပေးနေမှာပါ။
ဒီအသင်းအတွက် အခုလိုမျိုးကစားခွင့်ရတာကို ဖော်မပြနိုင်အောင်ဖြစ်မိပါတယ်။ ကျွန်တော် အသင်းကိုအခုထက်ပိုကောင်းတဲ့အဆင့်ကို ပို့ဆောင်ပေးချင်တာပါ။အပြစ်ရှိသလိုခံစားရတာကြောင့် ကျွန်တော့်သူငယ်ချင်းတစ်ဦးဆီကို မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ အဲ့တာက ထူးဆန်းမှုတွေနဲ့ရောနှောနေပါတယ်။ ဘာလို့လဲဆိုတော့ ဒါကအမြဲတမ်းဂုဏ်ယူရပါတယ်။ယူရိုဖလားကိုနိုင်ငံအသင်းအတွက် ရယူပေးချင်တာပါ။ အဲ့တာက ဒိန်းမတ်အသင်းသားအနေနဲ့ကော နိုင်ငံသားတစ်ဦးအနေနဲ့ပါ ဂုဏ်ယူစရာဖြစ်လာမှာပါ”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းဟာ ယူနိုက်တက်နဲ့ပထမရာသီမှာ ရုန်းကန်ခဲ့ရပြီး ၄၃ ပွဲမှာ ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၁ နှစ်သားရဲ့အသင်းဖော် အဲရစ်ဆင်ကတော့ ယူရိုမှာဂိုးသွင်းနိုင်ခဲ့ပေမယ့် ဗန်ဒါဗက်ကတော့ ပြိုင်ပွဲတစ်လျှောက်လုံး အသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပါတယ်။“ကျွန်တော် သူတို့ဆီနေက အများကြီးမျှော်လင့်ထားခဲ့တာပါ။ အဲရစ်ဆင်ဆီကနေလည်း အတူတူပါပဲ။ ကျွန်တော်တို့ သူ့နှလုံးအခြေအနေကြောင့် အားလုံးအားပေးနေကြတာပါ။ သူ့အဆင့်အတန်းကိုမြင်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့ထက်ပိုမြင်ချင်ခဲ့တာပါ။ ကျွန်တော်အရိုးသားဆုံးပြောတာပါ။ သူတို့မှာ ထိပ်တန်းအသင်းမှာကစားနေတဲ့ ကစားသမားအချို့ရှိပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ သူတို့ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး”လို့ ဗန်ဒါဗက်က ပြောကြားခဲ့ပါတယ်။ဂျာမနီဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ စပိန် ဒါမှမဟုတ် ဂျော်ဂျီယာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။