The network connection is lost.

Banner Image

စမစ်အတွက် ရီးရဲလ်မက်ဒရစ်က အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ ဗန်ဒါဗတ် ပြောကြား

ရာဖေးလ်ဗန်ဒါဗတ်က AZ အယ်လ်ခမာအသင်းရဲ့ ကွင်းလယ်လူ ကီးစ်စမစ်ကို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တာကို မြင်တွေ့ချင်နေပါတယ်။ စမစ်ဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်းမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့နဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။

နယ်သာလန်အသင်းနည်းပြ ရော်နယ်ကိုးမန်းက စမစ်ကို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အကြံပြုပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဗန်ဒါဗတ်ကလည်း ဒီဆွေးနွေးမှုထဲကို ပါဝင်လာခဲ့တာပါ။

၎င်းက AS သတင်းဌာနကို "သူက တကယ့်ကို အံ့ဩဖို့ကောင်းလောက်အောင် တော်တဲ့ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့တွေက ကစားသမားတစ်ယောက်ကို တော်တယ်လို့ အလွယ်တကူ ပြောလေ့ရှိကြပေမဲ့ သူ့ရဲ့ဖြစ်ရပ်မှာတော့ သူက တကယ့်ကို ထူးချွန်ပြောင်မြောက်သူပါ။ အကယ်၍ သူသာ အခုလိုမျိုး ဆက်ပြီး တိုးတက်လာမယ်ဆိုရင် ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဆီကို မလွဲမသွေ ရောက်ရှိသွားမှာပါ။ ကျွန်တော့်အတွက်တော့ အဲဒီအသင်းက ရီးရဲလ်မက်ဒရစ်ပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။