အက်စတွန်ဗီလာကို နိုင်ပွဲတွေသယ်ဆောင်လာနိုင်အောင် စတီဗင်ဂျာရတ် ဘယ်လိုဖော်ဆောင်သွားမလဲ..
ပရီးမီးယားလိဂ်ရဲ့ နည်းစနစ်ပညာရှင် အက်ဒရီယန်ကလာခ်က အက်စတွန်ဗီလာနည်းပြသစ် ဖြစ်လာတဲ့ လီဗာပူးဂန္တဝင်ကစားသမားဟောင်း စတီဗင်ဂျာရတ်တစ်ယောက် အသင်းကို ဘယ်လိုမျိုး အနိုင်ရလဒ်တွေရရှိအောင် ဖော်ဆောင်ပေးမလဲဆိုတာ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အောက်ဖော်ပြပါစာသားတွေကတော့ ကလာခ်ရဲ့ သုံးသပ်ချက်တွေဘဲ ဖြစ်ပါတယ်။
ဂျာရတ်ဟာ ပွဲတစ်ပွဲကို စနစ်တကျပြင်ဆင်တတ်သူ၊ ကစားသမားတွေကို တောင်းဆိုမှု များတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် အက်စတွန်ဗီလာရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ စိန်ခေါ်မှုတွေကို တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ယူဆရပါတယ်။ ရိန်းဂျားစ်ကို ကိုင်တွယ်တဲ့ ၃နှစ်ခွဲကာလအတွင်း ဂျာရတ်ဟာ အသင်းကို အရင်နဲ့မတူညီအောင် ပုံဖော်ပေးနိုင်တဲ့ နည်းပြတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂျရတ်လက်အောက်မှာ ရိန်းဂျားစ်ဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ရှုံးပွဲမရှိဖြင့် အမှတ်ပေးချန်ပီယံဆုကို ဆဲလ်တစ်လက်အောက်ကနေ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ အရှိန်အဝါ မြင့်မားအောင် တည်ဆောက်ခဲ့ပါတယ်။
ဂျရတ်ဟာ သူရဲ့အသင်းကို ခိုင်မာကျစ်လစ်တဲ့ ဘောလုံးပိုင်ဆိုင်မှု ရယူကာ နိုင်ပွဲတွေကို ဖော်ဆောင်တတ်သူဖြစ်ပါတယ်။ Ibroxတွင် ဂျာရတ်ဟာ ၄-၃-၃ နည်းဗျူဟာကို အမြဲသုံးတတ်ပြီး အထောင်တိုက်စစ်မှူးနောက်မှာ ကွင်းလယ်ဖန်တီးရှင်၂ဦးကို ထားသုံးတတ်ပါတယ်။ ဖိအားပေးတဲ့အချိန်မှာ တိုက်စစ်သမား၃ယောက်ဟာ ဘောလုံးမပါဘဲနဲ့ရှေ့ထိလိုက်တတ်ပြီး ကွင်းလယ်ကနေ ပေးပို့မှုကို တားဆီးကာ ပြိုင်ဘက်က တောင်ပံအခြမ်းတွေကို ပေးပို့အောင် တွန်းအားပေးပါတယ်။
ဂျရတ်ရဲ့ကစားကွက်မှာ ကစားသမားတွေဟာ လုပ်အားနူန်းအတော်ကောင်းရမှာ ဖြစ်ပြီး ဗဟိုကွင်းလယ်သမားဟာ တဖက်အသင်းရဲ့ ပေးပို့နိုင်မယ့် လမ်းကြောင်းတွေကို ကြိုတင်တားဆီးတာ ဖြစ်ပါတယ်။ တိုက်စစ်ကအစ နောက်တန်းအထိ စည်းစနစ်တကျ ခံစစ်ကာရံကစားပုံကြောင့် ရိန်းဂျားစ်ရဲ့ ခံစစ်ပိုင်းဟာ ဂျရတ်လက်အောက်မှာ သိသိသာသာ တိုးတက်သွားခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းမှာ ရိန်းဂျားစ်ရဲ့ ခံစစ်ပိုင်းက အားနည်းသွားတယ်ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာ တိုးတက်လာတာ တွေ့ရပါတယ်။ ဂျရတ်မရောက်မီက ၂၀၁၇ရာသီတွင် ရိန်းဂျားစ်ခံစစ်ဟာ ဂိုး၅၀အထိ ပေးခဲ့ရပြီး ဂျရတ်ရောက်လာတဲ့နောက်မှာ ၂၀၁၈တွင် ၂၇ဂိုး၊ ၂၀၁၉တွင် ၁၉ဂိုး ၊ ၂၀၂၀တွင် ၁၃ဂိုးနဲ့တဖြည်းဖြည်းနဲ့ခံစစ်ပိုင်းကောင်းခဲ့ပါတယ်။
အထူးသဖြင့် စပယ်ရှစ်လစ်နည်းပြ ကားလ်ရှော်ရဲ့ အကူအညီဖြင့် ရိန်းဂျားစ်ရဲ့ တိုက်စစ်ကစားပုံဟာ အမြဲတမ်းလိုလို ပြိုင်ဘက်အသင်းအတွက် အန္တာရယ်ပေးနိုင်တဲ့ ပုံစံရှိခဲ့ပါတယ်။ လေ့ကျင်ရေးမှာ နာရီပေါင်းများစွာ လေ့ကျင်ရင်းနှဲ့မတူညီတဲ့ နည်းစနစ်တွေ ပုံဖော်ကစားတတ်ပြီး စကော့တလန်မှာတော့ ဂျာရတ်ရဲ့ ရိန်းဂျားစ်အသင်းဟာ deadball ကနေ တခြားအသင်းတွေထက် ဂိုးပိုသွင်းထားပါတယ်။
ထူးခြားတဲ့အနေဖြင့် အက်စတွန်ဗီလာအသင်းဟာ ယခုနှစ်အတွင်း set-piecesတွေကနေ ၂ဂိုးသာ သွင်းထားတာကြောင့် ဂျရတ်လက်အောက်မှာ ဒီထက်ပိုတိုးတက်လာမယ့် အရိပ်အယောင်တွေ ရှိနိုင်ပါတယ်။
စကော့တလန်တွင် ၂၀၁၈နောက်ပိုင်း set-pieces ကနေ ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းများ
=============
ရိန်းဂျားစ် - ၅၂ဂိုး
လီဗင်းစတန် - ၄၄ဂိုး
မားသားဝဲလ် - ၄၃ဂိုး
ဆဲလ်တစ် - ၄၂ဂိုး
အက်ဘားဒန် - ၄၀ဂိုး
ရိန်းဂျားစ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသားပေးဖြင့် ကစားတဲ့အသင်းဆိုပေမယ့် ဂျာရတ်ရဲ့ နည်းစနစ်ကို တိတိကျကျညွှန်းဆိုဖို့ရာ အတော်လေးခက်ပါတယ်။ အလားတူ အတိုပေးကစားကွက်တွေနဲ့လည်း ကစားတဲ့အသင်း မဟုတ်ပြန်ပါဘူး။ ယူရိုပါလိဂ်မှာတော့ ရိန်းဂျားစ်ဟာ ပွဲအများစုက ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ၅၀.၆%သာ ရှိတဲ့အတွက် အသင်းကြီးတွေနဲ့ဆို ဂျာရတ်ဟာ ဘောလုံးပိုင်ဆိုင်မှုထက် ဟန်ချက်ညီဖို့သာ အာရုံစိုက်ထားတယ်လို့ဆိုနိုင်ပါတယ်။
အထူးသဖြင့် တဖက်အသင်းရဲ့ အမှားလုပ်ချိန်မှာ လျင်မြန်စွာ တိုက်စစ်စတင်နိုင်ဖို့ ဂျာရတ်အနေနဲ့ဗီလာကစားသမားတွေကို တွန်းအားပေးနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဗီလာဟာ ပရီးမီးယားလိဂ်မှာ ဘောလုံးမြန်ဆန်စွာ စတင်နိုင်တဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်လို့အချက်အလက်များအရ သိရပါတယ်။အချက်အလက်တွေအရ ဗီလာတိုက်စစ်သမားတွေဟာ ဘောလုံးသယ်ယူနိုင်မှုဟာ ၂.၀၅စက္ကန့်သာ ကြာမြင့်ပါတယ်။
ဂျာရတ်ရဲ့ ၄-၃-၃ ကစားကွက်တွင် ဉာဏ်သုံးရတဲ့ အပိုင်းတွေပါပြီး အထူးသဖြင့် fullbacks တွေနင့် ကွင်းလယ်တိုက်စစ်သမားတွေဟာ finalthird မှာ ဂိုးတွေရဖို့အဓိကအခန်းကဏ္ဍကနေ ကစားပါတယ်။ ဒါကြောင့် တောင်ပံသမားတွေနဲ့တွဲဖက်ညီနိုင်ဖို့အတွက် မတ်တီးကတ်စ်နှင့် မတ်တားဂတ်တို့ကို ဂျာရတ်အနေနဲ့ overlap လိုက်လုပ်ဖို့တောင်းဆိုနိုင်ပြီး နေရာလွတ်တွေပြန်ဖာထေးဖို့ကွင်းလယ်သမားတွေက တာဝန်ကြဖို့ရှိပါတယ်။
ကစားသမားတွေအနေနနဲ့သုံးပွင့်ဆိုင်ကစားကွက်တွေ ကျရာနေရာနဲ့မတူညီတဲ့နေရာအပြောင်းအလဲတွေနဲ့ ရွှေ့လျားကစားကြဖွယ် ရှိပါတယ်။ ဒါဟာ ဂျာဂင်ကလော့ပ်ရဲ့ ဝီသေသတစ်ချို့နဲ့တောင် ခပ်ဆင်ဆင်တူသလိုပါဘဲ။ ဥပမာအားဖြင့် လီဗာပူးအသင်းမှာ အာနိုးနဲ့ရော်ဘတ်ဆန်တို့ဟာ နောက်ခံသမားတွေဖြစ်ပေမယ့် တိုက်စစ်ကို လိုက်ပါကာ playmaker အဖြစ် ကစားကြသလို ၎င်းတို့နေရာလွတ်အတွက် ကွင်းလယ်သမားတွေကို ပြန်ဖာပေးကြပါတယ်။
ဂျရတ်ရဲ့ စကော့တလန်မှာ အောင်မြင်ခဲ့တဲ့ နောက်ကွယ်က အဓိကအချက်က ၎င်းဟာ မတူညီတဲ့ ပုံစံမျိုးနဲ့ကိုယ်ပိုင်ဝီသေသတစ်ခုကို ပိုင်ဆိုင်ထားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ နည်းပြဟောင်း ဒင်းစမစ်ရဲ့ ၄-၃-၃ကစားကွက်ကို ပြောင်းလဲမယ့် အရိပ်အယောင်တွေ့ရနိုင်ခြေ နည်းပေမယ့် အက်စတွန်ဗီလာအသင်းဟာ ကာလတိုအတွင်းမှာ မြန်နူန်းမြင့် တိုက်စစ်ကစားဟန်နှင့် သေသပ်ကျစ်လစ်တဲ့ အသင်းလိုက်ခံစစ်ကစားဟန်ကို ဂျရတ်လက်အောက်မှာ တွေ့မြင်ရနိုင်ပါတယ်။