
၀က်တ်ကင်းစ်ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ တူချယ်
ဝေးလ်အသင်းကိုအနိုင်ရတဲ့ပွဲမှာ ဂိုးဘားတိုင်နဲ့ဆောင့်မိခဲ့တဲ့ တိုက်စစ်မှူး ဝက်တ်ကင်းရဲ့ဒဏ်ရာအခြေအနေကို တူချယ်က ပြောကြားလိုက်ပါတယ်။ ပထမပိုင်းမှာ ဝက်တ်ကင်းတစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ၃ ဂိုးပြတ်အနိုင်ရနေပေမယ့် ၄-၀ ဖြစ်နိုင်မယ့် အခွင့်အရေးရလာချိန်မှာ ပိတ်သွင်းဖို့ကြိုးစားရင်း အခုလိုဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဖြတ်တင်ဘောကနေ ရရှိလာတဲ့အခွင့်အရေးကို ဗီလာစတားက ပိတ်သွင်းဖို့ ကြိုးစားရင်း ဂိုးဘားတိုင်နဲ့ ထိမိခဲ့ပြီး ကြီးမားတဲ့နာကျင်မှုခံစားခဲ့ရကာ အသင်းဖော်တွေအပြင် ကွင်းလယ်ဒိုင်ကပါ ဆေးအဖွဲ့ကို အလျင်အမြန်ခေါ်ယူခဲ့ရပါတယ်။
ဝက်စ်ကင်းကို ကုသနေချိန်မှာ ရုပ်သံတွေက ပြသခြင်းမရှိခဲ့ပေမယ့် အသင်းဖော်တွေစိုးရိမ်နေတာကိုတော့ အဝေးကနေ ပြသခဲ့ပါတယ်။ မိနစ်အနည်းငယ်လောက်ကုသအပြီးမှာ ဝင်ဘာလေပရိသတ်တွေက ဝက်စ်ကင်းကို လက်ခုပ်တီးအားပေးခဲ့ပြီး ပထမပိုင်းကိုတော့ ပြီးဆုံးအောင်ကစားခဲ့ပါတယ်။ ကျေးဇူးတင်ရမှာက ဒဏ်ရာအခြေအနေက မပြင်းထန်ခဲ့ပဲ ပွဲအပြီးမှာ တူချယ်က ဗီလာစတားအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“သူ(အိုလီ) အဆင်ပြေပါတယ်။ အဲ့တာက သူ့အတွက် သာမန်အားဖြင့်ရှင်းလင်းတဲ့ဂိုးပါ။ ကံမကောင်းစွာနဲ့ သူဘောလုံးကိုမြင်တာနောက်ကျခဲ့သလို ဂိုးမဝင်ခဲ့ပဲ ဂိုးတိုင်ကိုထိခဲ့တာပါ။ အဲ့တာက အရမ်းအရမ်းနာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်အခုတော့ နားလည်လိုက်ပါတယ်။ အဲ့တာက နာကျင်မှုပါပဲ။ ဟယ်ရီက ပွဲကိုလွဲချော်ခဲ့ပါတယ်။ သူဘိုင်ယန်နဲ့နောက်ဆုံးပွဲကန်ပြီးချိန်မှာ နာကျင်လာခဲ့ပါတယ်။ အဲ့တာကြောင့် နောက်ထပ်ပွဲကန်ဖို့ဆိုတာက အရဲစွန့်သလိုဖြစ်နေပါတယ်။ ဒါကြောင့် သူ့ကိုအနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လာမယ့်လက်ဗီးယားနဲ့ပွဲမှာ သူအဆင်သင့်ဖြစ်လောက်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ ဝေးလ်အသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ရော်ဂျာ ၊ ဝက်တ်ကင်း ၊ ဆာကာတို့က ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ လာမယ့်လက်ဗီးယားနဲ့ပွဲကို ဝက်စ်ကင်းကအရန်ခုံထိုင်ရမှာဖြစ်ပြီး ဟယ်ရီကိန်းပြန်လာဖွယ်ရှိနေပါတယ်။ အင်္ဂလန်ဟာ ၅ ပွဲကစားပြီးချိန်မှာ ၅ ပွဲစလုံးအနိုင်ရရှိထားပြီး လက်ရှိနိုင်ပွဲဆက်စံချိန်ကို လက်ဗီးယားနဲ့ပွဲမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။