
ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်အတွက် စောင့်ဆိုင်းရဦးမယ့် နယူးကာဆယ်စတား
အထူးကုနဲ့တွေ့ဆုံခဲ့ပြီးနောက် နယူးကာဆယ်စတား ဝီဆာတစ်ယောက် ဒဏ်ရာကနေ ပြန်လာနိုင်ဖို့ ကြာရှည်ဦးမယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်စတားဟာ ဒဏ်ရာကနေပြန်လာပြီးနောက် နောက်ထပ် ၅ ပွဲလောက်ထပ်မံလွဲချော်ဖွယ်ရှိနေပါတယ်။ ကွန်ဂိုသားဟာ အခုလထဲမှာကန်မယ့် ဘရိုက်တန်နဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးပါဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပေပမယ့် အဆင်မပြေသေးတာဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီကလည်း အခုအပတ်မှာ ဝီဆာတစ်ယောက် အထူးကုနဲ့တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ် ၂ ပတ်လောက်နားရမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆိုပါအနေအထားကြောင့် ဝီဆာဟာ လာမယ့်နိုဝင်ဘာ ၂ ရက်နေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာမှ ပါဝင်လာဖွယ်ရှိနေပါတယ်။ ဘရန့်ဖို့ဒ်ကနေပြောင်းလာပြီးကတည်းက ဝီဆာဟာ နယူးကာဆယ်အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းတောင်မဆင်းနိုင်သေးတာဖြစ်ပါတယ်။ “မနေ့တုန်းက ဝီဆာတစ်ယော်က သူ့ဒူးဒဏ်ရာအခြေအနေကို အထူးကုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခြေအနေက နောက်ထပ် ၂ ပတ်လောက်ထပ်နားဖို့ ပြောခဲ့ပါတယ်။ ပြဿနာကြီးကြီးမားမားမရှိပေမယ့် အနည်းငယ်လေးထပ်မံနောက်ကျခဲ့တာပါ”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
ဝီဆာမပါဝင်နိုင်တာကြောင့် နယူးကာဆယ်တိုက်စစ်ကို ဝိုလ်တီမိတ်က ဦးဆောင်နေရပြီး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာ ၄ ရာသီအတွင်း ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိခဲ့တဲ့ ဝီဆာတစ်ယောက် နယူးကာဆယ်မှာမှ ကံမကောင်းစွာနဲ့ ကာလရှည်နားနေရတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နော်တင်ဟမ်နဲ့ကစားရမှာဖြစ်ပြီး လူအင်အားအပြည့်ဖြစ်နေဖို့ ဟိုဝီက မျှော်လင့်နေပါတယ်။ ဝီဆာပြန်လာနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့အတွေ့အကြုံကြောင့် နယူးကာဆယ်ရဲ့တိုက်စစ်ပိုင်းက ပိုပြီးထက်မြက်လာနိုင်ချေရှိနေပါတယ်။