
၁ ယောက်လျော့နဲ့ ဘိုချမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ပွဲလုံးအာရုံစိုက်ဖို့ ကိန်း ပြောကြား
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းက ဘိုချမ်ကို ၁ ယောက်လျော့နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ပွဲလုံးအာရုံစိုက်ဖို့အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်ဟာ အဆိုပါပွဲမှာ ပယ်လင်ဟာအနီကတ်ကြောင့် ရုန်းကန်ခဲ့ရပေမယ့် လိုအပ်နေတဲ့နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ကိန်းကအခုလိုမျိုးနောက်တစ်ကြိမ်မဖြစ်ဖို့ အလိုရှိနေပါတယ်။ ပွဲအပြီးမှာ အင်္ဂလန်သားက “ကျွန်တော်တို့ ပွဲကို အကောင်ဆုံးစတင်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဦးဆောင်နိုင်ဖို့ အရာအားလုံးလုပ်ဆောင်ရပါမယ်။ သူတို့က ဂိုးရပြီးနောက် အရှိန်မြှင့်လာခဲ့ပါတယ်။ အနီကတ်အပြီးမှာ အဲ့တာက ကျွန်တော်တို့ မိနစ် ၉၀ အပြည့်အာရုံစိုက်ဖို့ လိုအပ်တာ ဒါမှမဟုတ် ခင်ဗျားကို ပြစ်ဒဏ်ပေးသွားနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီနေ့မှာ ဖြစ်ခဲ့တာက အဲ့လိုမျိုးဖြစ်လာနိုင်ချေရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ကံကောင်းခဲ့တာက ဒုတိယနေရာက လေဗာကူဆင်အသင်းဟာ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘိုင်ယန်က ၈ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ကိန်းရဲ့ကစားသမားဘ၀ ပထမဆုံးဆုဖလားရယူနိုင်ဖို့ အိပ်မက် အသက်ဝင်လာခဲ့ပြီဖြစ်ပါတယ်။ လာမယ့်အင်္ဂါနေ့မှာ ဘိုင်ယန်ဟာ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ကန်ရမှာဖြစ်ပြီး ကိန်းတစ်ယောက် အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်ဖိူ့ မျှော်လင့်နေပါတယ်။