The network connection is lost.

Banner Image

အသင်းဖော်ဟောင်းတွေနဲ့တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး သူ့စွမ်းဆောင်ရည်ထက်မြက်အောင် လုပ်ဆောင်နေပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ခြေစမ်းပွဲအဖြစ် အသင်းဟောင်း တော့တင်ဟမ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၂၀၂၄ နွေရာသီတုန်းက ကိန်းတစ်ယောက် တော့တင်ဟမ်နဲ့ ဆုဖလားမရတာကြောင့် လမ်းခွဲခဲ့ပြီး ဘိုင်ယန်ကိုပြောင်းရွှေ့ခဲ့ကာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်မယ့်အပေါ် ကိန်းက ပြင်ဆင်နေပြီး လာမယ့်ကြာသပတေးနေ့မှာ ဘိုင်ယန်ဟာ အိမ်ကွင်းမှာ တော့တင်ဟမ်နဲ့ ခြေစမ်းမှာဖြစ်ပါတယ်။

“ကျွန်တော် အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံချင်နေပါပြီ။ သူတို့နဲ့ပြန်လည်ရင်ဆိုင်ရမှာက အမြဲတမ်းထူးခြားပါတယ်။ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကစားရမှာဖြစ်တာကြောင့် အားပေးကြမယ်လို့ မြင်မိပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။

ကိန်းဟာ လိုင်ယွန်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးစတင်ခဲ့ပြီး နောက်ထပ်ကြံ့ခိုင်မှုရအောင် ပြင်ဆင်နေပါတယ်။ “အခုလိုမျိုးလုပ်ဆောင်ရတာ တကယ်ကောင်းပါတယ်။ ထက်မြက်အောင် လုပ်ဆောင်နေပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ကိန်းအပြင် လက်ရှိမှာလည်း တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်လည်း ထွက်ခွာတော့မှာဖြစ်ပါတယ်။ တောင်ကိုရီးယားသားဟာ တော့တင်ဟမ်နဲ့အတူ ၁၇ နှစ်ကြာဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေအတွက် ထွက်ခွာမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။