The network connection is lost.

Banner Image

ဖလား ၃ လုံးရယူပေးနိုင်ခဲ့ပြီးနောက် စာချုပ်သစ်လက်မှတ်ထိုးခဲ့တဲ့ ဖလစ်

ဘာစီလိုနာအသင်းက နည်းပြ ဖလစ်ကို ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ ဖလစ်ဟာ စာချုပ်ထဲမှာပါဝင်တဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသုံးချခဲ့တာဖြစ်ပြီး ၂၀၂၇ ဇွန်လအထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းကို ဗုဒ္ဓဟူးနေ့ညနေခင်းတုန်းက  တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ကြေညာချက်ထဲမှာ “ဖလစ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ ပထမရာသီမှာတင် အကြောင်းအရာများစွာနဲ့ ပရိသတ်တွေပျော်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။အသင်းကိုလည်း ယုံကြည်မှုပေးခဲ့သလို ပြီးပြည့်စုံတဲ့ပြန်လာမှုတွေ နဲ့ ဆုဖလားတွေယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ ပထမဆုံးနှစ်မှာတင် ဂျာမန်သားက ဘာစီလိုနာကို ဖလား ၃ လုံးချန်ပီယံဖြစ်စေခဲ့ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ - ၂၄ ရာသီ နည်းပြဟောင်း ဇာဗီလက်အောက်မှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဇာဗီကိုထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာစီလိုနာနည်းပြရာထူးက ဖိအားများတာကြောင့် နည်းပြတော်တော်များများကို ချိတ်ဆက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ဘိုင်ယန်နည်းပြဟောင်း ဖလစ်ကိုသာ ခန့်အပ်ခဲ့ပါတယ်။ ဖလစ်ကို ခန့်အပ်မှုက မှန်ကန်ခဲ့ပြီး ဘာစီလိုနာကို လာလီဂါ ၊ ကိုပါဒယ်ရေး ၊ စပိန်စူပါဖလားစတဲ့ ဖလား ၃ လုံးကိုရယူပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဖလစ်ကို ကာလရှည်စာချုပ်ချုပ်ဆိုချင်ပေမယ့် နည်းပြကိုယ်တိုင်က မလိုချင်တာကြောင့် စာချုပ်ထဲမှာပါတဲ့ ၁ နှစ်သက်တမ်းတိုးတာကိုပဲ အသက်သွင်းခဲ့ရပါတယ်။ ဖလစ်ဟာ ဒီရာသီဘာစီလိုနာကို ပြိုင်ပွဲစုံ ၅၉ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၄၃ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးရာသီမှာတင်ကိုင်တွယ်ခဲ့တဲ့အခြားဘာစီလိုနာနည်းပြတွေထက် နိုင်ပွဲရာခိုင်နှုန်းက ၇၂.၈၈% အထိ ရှိနေပါတယ်။ အင်းနရစ်က ဘာစီလိုနာအသင်းအတွက် ၂၀၁၄ - ၁၅ ရာသီ ပွဲ ၆၀ မှာ နိုင်ပွဲ ၅၀ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း ၈၃.၃၃% နဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။