The network connection is lost.

Banner Image

ဇာဗီက သူ့ကိုအသရေဖျက်ခဲ့တယ်လို့ဆိုလာတဲ့ ဂျိုအန်လာပေါ်တာ

ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာဟာ တနင်္ဂနွေနေ့ညက ထွက်ပေါ်လာတဲ့ ဇာဗီရဲ့ အံ့အားသင့်စရာ အင်တာဗျူးအပြီးမှာ နည်းပြဟောင်းကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဇာဗီက သူ့ရဲ့အင်တာဗျူးမှာ ဥက္ကဋ္ဌက သူ့ကို လမ်းမှားအောင် လှည့်ဖြားခဲ့တယ်လို့ စွပ်စွဲပြီး လာပေါ်တာကို ဝေဖန်တိုက်ခိုက်ခဲ့တာပါ။

ဗစ်တာဖောင့်နဲ့ ပြုလုပ်ခဲ့တဲ့ တနင်္ဂနွေနေ့က ဥက္ကဋ္ဌလောင်း စကားစစ်ထိုးပွဲမှာ လာပေါ်တာက ဇာဗီရဲ့စွပ်စွဲချက်တွေကို အခုလို တုံ့ပြန်ခဲ့ပါတယ်။ "ဒါက ကျွန်တော့်ကို အံ့အားသင့်စေသလို နာလည်းနာကျင်ရပါတယ်။ ဘာစီလိုနာရဲ့ ဥက္ကဋ္ဌဖြစ်ရတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဇာဗီကို ရာထူးက ထုတ်ပယ်ရတာမျိုးလို အရမ်းခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရလို့ပါပဲ။"

"အရှိတရားတွေအရ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ သက်သေပြနေပါတယ်။ ဘာလို့လဲဆိုတော့ ဇာဗီနဲ့ဆိုရင် ကျွန်တော်တို့တွေ ဆက်ပြီး ရှုံးနိမ့်နေဦးမှာမို့လို့ပါ။ သူလည်း နာကျင်နေမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ သူရှိစဉ်က ရှုံးခဲ့တဲ့ ကစားသမားတွေနဲ့ပဲ အခု ဟန်ဆီဖလစ်လက်ထက်မှာ နိုင်ပွဲတွေ ရနေတာကိုး။ နောက်ပြီး သူဟာ တခြားသူတွေရဲ့ အသုံးချခံဖြစ်သွားခဲ့တာ၊ နောက်ပြီး ကျွန်တော့်ကို နာကျင်စေဖို့အတွက် အလီဟန်ဒရို အီချီဗားရီးယားကို တိုက်ခိုက်ခဲ့တာတွေကလည်း စိတ်မကောင်းစရာပါပဲ။ အီချီဗားရီးယားနဲ့ ရာဖေးလ်ယုစတေးတို့ဟာ ဇာဗီကို အကာကွယ်ပေးဆုံးသူတွေ ဖြစ်ခဲ့တာပါ။"

"သူဟာ ကျွန်တော့်ရဲ့ နာမည်ကို ဖျက်ဆီးချင်ခဲ့တာပါ။ သူ့နောက်ကွယ်ကနေ အရာအားလုံးကို နှောင့်ယှက်ချင်နေတဲ့ ဗစ်တာဖောင့်ရဲ့ အသုံးချခံ ဖြစ်သွားခဲ့တာပါ" လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။