The network connection is lost.

Banner Image

ပဲလေ့စ်နဲ့ပွဲမှာ အသက် ၁၉ နှစ်သားလေးကို ပွဲဦးထွက်ပါဝင်ခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ဂွါဒီယိုလာ ရှင်းလင်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပဲလေ့စ်နဲ့အက်ဖ်အေဖလားဖိုင်နယ်မှာ လူငယ်စတား အီချာဗာရီကို ဘာကြောင့် ပွဲထွက်ခွင့်ပေးခဲ့လဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ စီးတီးဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ ပဲလေ့စ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့ပြီး ၂၀၂၄ - ၂၅ ရာသီကို ဖလားလက်မဲ့နဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ပဲလေ့စ်ကတော့ အီဇီးရဲ့တစ်လုံးတည်းသောဂိုးနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၇၆ မိနစ်မှာ စီးတီးဟာ အရေးနိမ့်နေပေမယ့် ဂွါဒီယိုလာက အသက် ၁၉ နှစ်သားလေးကို မာမွတ်ရှ်နေရာမှာ လူစားထိုးခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ အီချီဗာရီအတွက် ဇန်နဝါရီတုန်းက စီးတီးထံပြောင်းလာပြီးနောက် ပထမဆုံးပွဲဦးထွက်ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ “ကျွန်တော့် အားကျရမှုလား?။ ကျွန်တော်က အရည်အချင်းရှိတဲ့နည်းပြတစ်ဦးပါ။ အရိုးသားဆုံးပြောရရင် အခုဆုံးဖြတ်ချက်က ဆိုးဝါးတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။ စီးတီးဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန် ၂ ပွဲဖြစ်တဲ့ ဘုန်းမောက် ၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။