မာဆေးလ်သို့ အပြောင်းအရွှေ့နှင့်ပတ်သက်တဲ့ အငြင်းပွားမှုများအပေါ် ပြောကြားလိုက်တဲ့ ဂရင်းဝုဒ်
ယူနိုက်တက်ကနေ မာဆေးလ်အသင်းကို ပြောင်းရွှေ့လာမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ကန့်ကွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂရင်းဝုဒ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြင်သစ်ကလပ် မာဆေးလ်ဟာ ယူနိုက်တက်အသင်းကနေ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အပြီးသတ်ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း၊ ဒေါ်လာ ၃၄ သန်း) သုံးစွဲခဲ့ပါတယ်။ တိုက်စစ်မှူးဟာ ဂီတာဖေးတွင် တစ်ရာသီအငှားကစားပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့သော်လည်း လီဂူးဝမ်းသို့ ပြောင်းရွှေ့လာမှုတွင် ပရိသတ်များရဲ့ ကန့်ကွက်မှုကို ခံခဲ့ရပါတယ်။ မာဆေးလ်မြို့တော်ဝန် ပေယန်က အဆိုပါအပြောင်းအရွှေ့ကို ကန့်ကွက်ခဲ့ပြီး ခေါ်ယူခြင်းမပြုရန် ကလပ်အသင်းအား တောင်းဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးခံရမှုကြောင့် ဂရင်းဝုဒ်ရဲ့ပြောင်းရွှေ့မှုကို ဆန့်ကျင်မှုများ ရှိလာခဲ့ပါတယ်။ သူ့အား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ တိုက်ခိုက်ရန် ကြိုးပမ်းမှု၊ အတင်းအကြပ် အပြုအမူများဖြင့် စွဲချက်တင်ခံခဲ့ရသော်လည်း အဓိက သက်သေများမှ အမှုကိုရုပ်သိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စွဲချက်များအား ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ ဖမ်းဆီးခံရပြီးကတည်းက ယူနိုက်တက်တွင် မကစားရသော်လည်း အတိတ်ကို ချန်ထားခဲ့ကာ သူ့ရဲ့ဇနီး ရော့ဘတ်ဆင်နှင့် သမီးလေးတို့နှင့်အတူ အနာဂတ်ကို ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။
La Provence သို့ ဂရင်းဝုဒ်က "ရှင်းရှင်းလင်းလင်းပြောရရင် ဒီပြောဆိုမှုကို ကျွန်တော်နားလည်ထားပြီး ဒီမေးခွန်းကို နားလည်ပါတယ်။ အငြင်းအခုံတွေမှာ မပါ၀င်ချင်ပါဘူး။ မနှစ်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခွင့် ရထားပြီးသားပါ။ ကျွန်တော့်ရဲ့ ဇနီးသည်နှင့်အတူ စုံတွဲတစ်တွဲအနေဖြင့် မက်ဒရစ်မှာ တစ်နှစ်ကျော်ကြာအောင် အတူနေခဲ့ကြပါတယ်။ ကျွန်တော်တို့က အသက် ၁၅ နှစ် ၁၆ နှစ်လောက်ကတည်းက အတူရှိခဲ့ကြပြီး ဒီနေ့မှာတော့ သူမရဲ့ပထမဆုံးမွေးနေ့ကို ကျင်းပခဲ့ပါတဘ်။ အခုတော့ နေရာသစ်ဖြစ်တဲ့ မာဆေးလ်မှာ အာရုံစိုက်ထားပြီး အနာဂတ်အတွက် စောင့်မျှော်နေပါတယ်" လို့ ပြောထားပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးတွင် အငှားသွားရောက် ကစားခဲ့ပြီးနောက် လာလီဂါတွင် ဆန့်ကျင့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကလပ်ရဲ့ ရာသီစာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပြီး ဂျို့စ်ဘော်ဒါလက်စ်ရဲ့အသင်းအတွက် ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ လီဂူးဝမ်းတွင် စိန်ခေါ်မှုအသစ်တစ်ခုကို စတင်လိုက်ခြင်းဖြင့် လာမယ့်ရာသီတွင် ပြင်သစ်ရှိ ပရိသတ်များကို အနိုင်ယူရန် ရည်မှန်းထားပါတယ်။